Tuesday, June 18, 2019

သတင်းယူသွားသည့် အမျိုးသမီး သတင်းထောက် (၂) ဦးအား ပိတ်ဆို့တားဆီးခံရ

Image may contain: one or more people, people sitting and outdoorမန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာသို့ ဇွန်လ ၁၈ ရက်နေ့က နံနက်ပိုင်းက သတင်းယူရန်သွားသည့် အမျိုးသမီး သတင်းထောက် (၂) ဦးအား ပိတ်ဆို့တားဆီးခံရကြောင်း သိရသည် ။ ဖြစ်စဉ်မှာ အောင်သပြေကျေးရွာ အဝင်လမ်းတွင် ကျေးရွာရပ်မိရပ်ဖများနှင့် အောင်သပြေကျေးရွာအနီး အကောင်အထည်ဖော်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူတို့က မခေမဏီဝင်း (RFA) နှင့် မဖြိုးဖြိုးဇော် (7 Day TV) တို့ကို တားဆီးခဲ့ခြင်းဖြစ်သည် ။


သတင်းသမားများမောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးအား ခေတ္တရပ်ပေးရန်ပြောပြီး မဟုတ်မမှန်သည့်သတင်းများ မရေးသားရန် စွပ်စွဲပြောဆိုကြောင်း တားဆီးခံရသည့် အမျိုးသမီး သတင်းထောက် (၂) ဦးက ပြောသည် ။

ထိုသို့ တားဆီးခံရခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှင့် ရဲတပ်ဖွဲ့သို့ သိပေး အကြောင်းကြားထားကြောင်း သိရသည် ။

No comments:

Post a Comment