Tuesday, June 18, 2019

Parasite ဇာတ်ကား ကိုရီးယား၌ဖြန့်ချိပြီး နှစ်ပတ်အတွင်း လက်မှတ်စောင်ရေ ရှစ်သန်းကျော် ရောင်းချရ

၂၀၁၉ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်၏ အမြင့်ဆုံးဆုဖြစ်သည့် ရွှေအုန်းပင်ဆုရရှိခဲ့သည့် Parasite ဇာတ်ကားသည် ကိုရီးယားတွင် ဖြန့်ချိခဲ့ပြီး နှစ်ပတ်အတွင်း လက်မှတ်စောင်ရေ ရှစ်သန်းကျော် ရောင်း ချနိုင်ခဲ့သည်ဟု ကိုရီးယားရုပ်ရှင်ကောင်စီ KOFIC က ဇွန် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကိုရီးယားဒါရိုက်တာ Bong Joon-ho သရိုက်ကူးသည့် ယင်းဇာတ်ကားသည် မကြာမီ လက်မှတ်စောင်ရေ ၁၀ သန်းကျော် ရောင်းချနိုင်သည့် ဇာတ်ကားစာရင်းတွင် ပါဝင်နိုင်ခြေရှိသည်ဟု  KOFIC က ခန့်မှန်းခဲ့သည်။



ဆင်းရဲချမ်းသာကွာဟချက်ကြောင့် ဖြစ်ပေါ်လာသည့် တင်းမာ မှုများ သရော်ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် Song Kang ho ၊ Lee Sun – Kyun ၊ Cho Yeo jeong ၊ Choi Woo – shik နှင့် Park So –dam တို့က အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ထားသည်။ ယင်းဇာတ်ကားကို ၇၇ ရက် ကြာရိုက်ကူးခဲ့ပြီး ကုန်ကျစရိတ် ဒေါ်လာ ၁၈.၈ သန်းခန့် အသုံးပြုခဲ့သည်ဟု   The Host ၊ Snowpiercer နှင့် Okja ဇာတ်ကားတို့ဖြင့် နိုင်ငံတကာတွင် အောင်မြင်မှုရရှိခဲ့သည့် Bong က ပြောကြားခဲ့သည်။

Bong ၏ ခုနစ်ကားမြောက် ဇာတ်ကားရှည်နှင့် ၁၀ နှစ်အတွင်း ရိုက်ကူးခဲ့သည့် ပထမဆုံးကိုရီးယား  စကားပြောဇာတ်ကားလည်း ဖြစ်သည့်  Parasite ဇာတ်ကားကို အမေရိကန်၊ ဟောင်ကောင်၊ စင်ကာပူ၊ ဗီယက်နမ်နှင့် သြစတြေးလျတို့တွင်လည်း ဖြန့်ချိမည်ဖြစ်သည်။

ယင်းဇာတ်ကားကို အမေရိကန်ရုပ်သံ ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ဆန်းသစ်ရိုက်ကူးရန် ကမ်းလှမ်းခံခဲ့ရသည်ဟု Bong က ဆိုသည်။

No comments:

Post a Comment