Tuesday, June 18, 2019

ဓမ္မစေတီ ခေါင်းလောင်းကြီး မြေပေါ်ရောက်မှ မိမိ သေမည်ဟု ဦးစံလင်း ပြော

Image may contain: 1 personဓမ္မစေတီခေါင်းလောင်းကြီးကို ရေအောက်မှဆယ်ယူပြီးမြေပေါ်ရောက်ရှိမှသာ မိမိ သေမည်ဖြစ်ကြောင်း သုဓမ္မမဏိဇောတဓရ ဦးစံလင်းက ဇွန် ၁၈ ရက်တွင် ရန်ကုန်မြို့ City Star ဟိုတယ်တွင်ကျင်းပပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ “ဒီခေါင်းလောင်းမပေါ်မချင်း ကျွန်တော် မသေဘူး။ ဒီခေါင်းလောင်းပေါ်မှ ကျွန်တော် သေမယ်။ မသေအောင်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်နေတယ်”ဟု ၎င်းကပြောသည်။


၂၀၁၄ ခုနှစ်က သောင်တူးယာဉ်ကိုဌာနဆိုင်ရာမှ ပြန်လည်သိမ်းဆည်းသွားသည့်အတွက် ခေါင်းလောင်းဆယ်ယူရာတွင် အောင်မြင်မှုမရရှိခဲ့ကြောင်း၊ ယခုခေါင်းလောင်းတည်ရှိသည့်နေရာကိုတွေ့ရှိပြီဖြစ်၍ ဆည်ယူရေးလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခေါင်းလောင်းဆည်ယူခြင်းကို မိုးတွင်းတွင်သာပြုလုပ်၍ရသည့်အတွက် ယခုမိုးတွင်းကာလတွင် ဆည်ယူခွင့်ပြုရန် နိုင်ငံတော် သမ္မတထံသို့ စာတင်ပို့ထားပြီး၊ ခွင့်ပြုချက်ရရှိပါက ခေါင်းလောင်းတော်ကြီးကို အောင်မြင်စွာဆည်ယူသွားမည်ဖြစ်ကြောင်း ဦးစံလင်းက ဆက်လက်ပြောကြားသည်။

No comments:

Post a Comment