Tuesday, June 18, 2019

မဟာဓာတ်အားလိုင်း ပြတ်တောက်သဖြင့် အာဂျင်တီးနားနှင့်ဥရုဂွေးတွင် လူသန်းချီ လျှပ်စစ်မီးပြတ်

အာဂျင်တီးနားနိုင်ငံမှာ ဇွန် ၁၆ ရက်နေ့ အစောပိုင်းက ကမ်းရိုးတန်း မဟာဓာတ်အားလိုင်း ပြတ်တောက်သွားတာကြောင့် အာဂျင်တီးနားနဲ့ ဥရုဂွေး ၂ နိုင်ငံက နေရာတော်တော်များများမှာ သန်းချီတဲ့လူတွေ လျှပ်စစ်မီးမရကြဘူးလို့ အာဂျင်တီးနား စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။   မီးပြတ်နေတာကြောင့် အာဂျင်တီးနား မြို့တော် ဗျူနိုအဲရီးစ်မှာ မနက်အစောပိုင်းက လူသွားလူလာ နည်းပါးနေပြီး ရေပေးဝေတဲ့စနစ်အပြင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေခဲ့ပါတယ်။



ဇွန် ၁၆ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၅၂ မိနစ်လောက်မှာတော့ ဗျူနိုအဲရီးစ်မြို့ တ၀ိုက်က လူပေါင်း ၇ သောင်းခွဲဆီ လျှပ်စစ်မီးပြန်ပေးနိုင်ခဲ့တယ်လို့ အာဂျင်တီးနား  စွမ်းအင်ဖြန့်ဖြူးရေး ကုမ္ပဏီ Edesur က ပြောပါတယ်။

အခုလို ကြီးကြီးမားမား လျှပ်စစ်းမီး ပြတ်တောက်ရတဲ့ အကြောင်းအရင်းဟာ အာဂျင်တီးနား ကမ်းရိုးတန်း မဟာဓာတ်အားလိုင်း ချို့ယွင်းခဲ့တာကြောင့် ကျန်တဲ့နေရာတွေမှာပါ ဆက်တိုက်ဆင့်ကဲ မီးပျက်ခဲ့တာလို့ အာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မီးပြတ်တာကြောင့် ပြည်နယ်တချို့မှာ ဒေသန္တရရွေးကောက်ပွဲတွေ ယာယီ အချိန်ရွှေ့ဆိုင်းခဲ့ရတယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

No comments:

Post a Comment