Tuesday, June 18, 2019

ဗင်နီဇွဲလား အတိုက်အခံလွှတ်တော်အမတ် ကာရို ပြန်လွတ်မြောက်

ဗင်နီဇွဲလားအစိုးရဟာ အတိုက်အခံ လွှတ်တော်အမတ် ဂယ်လ်ဘီကာရိုကို ဇွန်လ ၁၇ ရက်နေ့မှာ အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်တယ်လို့ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ အမျိုးသားညီလာခံက တွစ်တာလူမှုကွန်ရက်ကနေ ပြောပါတယ်။ ဂယ်လ်ဘီကာရိုဟာ ဧပြီလက အဖမ်းခံခဲ့ရပြီး ဒါဟာ လွှတ်တော်အမတ်ဆိုင်ရာ လွတ်ငြိမ်းခွင့်ကို ချိုးဖောက်ရာရောက်တယ်လို့ သူ့ရဲ့ မဟာမိတ်တွေက ပြောခဲ့ပါတယ်။


ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မီရှယ် ဘာချေးလတ် မက္ကဆီကိုနိုင်ငံကို လာမယ့် ရက်ပိုင်းအလိုမှာ သမ္မတ နီကိုးလတ်မာဒူရို ဦးဆောင်တဲ့ မက္ကဆီကို အစိုးရက အတိုက်အခံ လွှတ်တော်အမတ် ကာရိုကို လွှတ်ပေးလိုက်တာပါ။

မီရှယ် ဘာချေးလတ်ဟာ မက္ကဆီကို ခရီးစဉ်မှာ လူ့အခွင့်အရေး ဆုံးရှုံးနစ်နာသူတွေနဲ့ တွေ့ဆုံမယ့်အပြင် သမ္မတ မာဒူရို၊ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုတို့နဲ့လည်း တွေ့ ဆုံသွားမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အတိုက်အခံ လွှတ်တော်အမတ် ကာရိုဖမ်းခံရတဲ့အမှုမှာ သမ္မတ မာဒူရို အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ပြီးခဲ့တဲ့လမှာ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

No comments:

Post a Comment