Tuesday, June 18, 2019

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြို ကျုံးဘေးတွင် စတုဒီသာ ကျွေးမွေးလှူဒါန်း

64364308_890222164675881_3975913047666458624_oနိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ်မန္တ​လေးမြို့ ကျုံးမြောက်ဘက် ၂၆ လမ်းနဲ့ ၇၅ လမ်း ထောင့်မှာ  ဒီနေ့ စတုဒီသာ ထမင်းကျွေးမွေးခဲ့ပါတယ်။ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာကျရောက်မယ့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် စတုဒီသာကျွေးမွေးလှူဒါန်းတာတွေကို မန္တ​လေးမြို့က နေရာ တချို့မှာ စတင်ပြုလုပ်နေကြတာပါ။ အခုလို ထမင်းစတုဒီသာကျွေးမွေးလှူဒါန်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဦးဆောင်ကျွေးမွေး လှူဒါန်းတာခဲ့ကြတာဖြစ်ပြီး နေ့လယ် ၂ နာရီကနေ ညနေပိုင်းအထိ ကျွေးမွေးမှာလည်း ဖြစ်ပါတယ်။


နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး ကိုယ်စား မန္တ​လေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီက ဒီနေ့ မနက် ၈ နာရီမှာ လူမှုဝန်ထမ်း Save house ရှိရာ ပရဝုဏ်အတွင်းမှာ အရိပ်ရအပင် ၇၅ ပင်စိုက်ပျိုးခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီနေရာမှာပဲ စက်ရေတွင်းဖော်ဖို့အတွက် ကျပ်သိန်း ၅၀ လှူဒါန်းတာနဲ့ လူမှုဝန်ထမ်းလက်အောက်ရှိ ကလေးသူငယ်တွေကို T-shirtတွေ၊ အမျိုးသမီးသုံးပစ္စည်းတွေ၊ အာဟာရမုန့်တွေ လှူဒါန်းခဲ့တယ်လို့လည်း မန္တ​လေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ဇနီး ဒေါက်တာဒေါ်ယုယုမေက ၎င်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

ဇွန်လ ၁၈ ရက်နေ့မှာလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့အထိမ်းအမှတ် အဖြစ် လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်သွားကြဖို့ ရှိနေပါတယ်။

No comments:

Post a Comment