Tuesday, June 18, 2019

နှုတ်ထွက်ရန် ဖိအားပေးခံနေရသည့် ဟောင်ကောင်အုပ်ချုပ်ရေးမှူးအား တရုတ်အစိုးရမှ နှုတ်ထွက်ခွင့်ပြုလိမ့်မည် မဟုတ်ဟုဆို

တရားခံလွှဲပြောင်းရေးဆိုင်ရာ ဥပဒေမှုကြမ်းကို အတည်ပြုနိုင်ဖို့ကြိုးစားနေတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာရီလန်းကို ဟောင်ကောင်ပြည်သူတွေက နှုတ်ထွက်ပေးဖို့တောင်းဆိုနေကြသော်လည်း တရုတ်အစိုးရကတော့ ကာရီလန်းကို နှုတ်ထွက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ အစိုးရနဲ့နီးစပ်သူတစ်ဦးက ပြောထားပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ကစလို့ တရားခံလွှဲပြောင်းရေးဆိုင်ရာ ဥပဒေမူကြမ်းကို လက်မခံနိုင်၍ သိန်းနဲ့ချီတဲ့ ဟောင်ကောင်ပြည်သူတွေဟာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတာပါ။ ဒီတစ်ကြိမ်ဆန္ဒပြပွဲကြီးကလည်း ဟောင်ကောင်ရဲ့ အကြီးမားဆုံးဆန္ဒပြပွဲကြီးလို့ သိရပါတယ်။



ဘေဂျင်းအစိုးရကထောက်ပံ့ပေးထားတယ်လို့ လူသိများနေတဲ့ ဟောင်ကောင်ချုပ်ရေးမှူးဟာ ဆန္ဒပြသူတွေကို နည်းလမ်းအမျိုးမျိုးသုံးကာ စည်းရုံးခဲ့သော်လည်း အောင်မြင်မှုမရရှိပဲ လတ်တလောမှာတော့ သူမကြိုးပမ်းနေတဲ့ဥပဒေမူကြမ်းကို ရပ်တန့်ပေးထားတယ်လို့ သိရပါတယ်။

သူမကြိုးပမ်းနေတဲ့ တရားခံလွှဲပြောင်းရေးဆိုင်ရာ ဥပဒေမူကြမ်းဟာ ရာဇဝတ်သားတွေကို တရုတ်ပြည်ပကြီးဆီသို့ ပို့ဆောင်ပေးရမှာဖြစ်ပြီး တရုတ်အစိုးရကတရားခံတွေကို ဆက်လက် စစ်ဆေးသွားဖို့ ဥပဒေထဲထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေကတော့ သူမနှုတ်ထွက်ပေးဖို့သာ လိုလားနေကြပြီး ဘေဂျင်းအစိုးရရဲ့ ကြိုးကိုင်လှုပ်ရှားမှုတွေထပ်မံဖြစ်ပေါ်လာပါက ဆန္ဒပြပွဲဟာပိုမိုကြီးမားလာနိုင်တယ်လို့သိရပါတယ်။

No comments:

Post a Comment