Tuesday, June 18, 2019

တောင်ငူမြို့ မိုးလုံလေလုံအားကစားခန်းမတွင် ၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ပွဲတော် အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ မိုးလုံလေလုံ အားကစားခန်းမကြီးတွင် ယနေ့ (ဇွန် ၁၈ ရက်) နံနက် ၉ နာရီမှ ၁၁ နာရီခန့်အထိ (၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ပွဲတော်အား ကျင်ပးခဲ့ပြီး၊ အဆိုပါပွဲတော်ကို မြန်မာနိုင်ငံ အိန္ဒိယသံရုံး၊ ဆရာမ နန်းမို (Nan Mo Yawga Class) တို့က ဦးစီး၍ တောင်ငူမြို့ နန်းထိုက်(Nan Htike Yoga Class) နှင့် ချစ်စု (Chit Su SuYawga Class) တို့ ပူးပေါင်းကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။



ယောဂကျင့်စဉ်မှာ လူ၏ စိတ်နှင့်ခန္ဒာကိုယ်အား တစ်သားတည်းဖြစ်အောင် လေ့ကျင့်သောကျင့်စဉ် တစ်ခုဖြစ်ကြောင်း၊ ယောဂကို ကျင့်ခြင်းအားဖြင့် ကျန်းမာရေးနှင့်သက်ဆိုင်သော အကျိုးကျေးဇူးများ အပါအ၀င် တစ်ဦးတစ်ယောက်မှ မိသားစု၊ ပတ်ဝန်းကျင် ၊ ကိုယ့်မြို့များအထိ ကောင်းသောအကျိုးများ ဆင့်ပွားသက်ရောက်မှုရှိသည့် ကျင့်စဉ်တစ်ခုဖြစ်ကြောင်း ယောဂသင်တန်းဆရာမ နန်းမိုက ပြောကြားသည်။

No comments:

Post a Comment