Tuesday, June 18, 2019

ရာသီတုပ်ကွေး H1 N1 ဖြစ်ပွားတတ်သောကာလဖြစ်၍ ပြည်သူ့ဆေးရုံများတွင် ဆေးဝါးလုံလောက်စွာထားရှိရန်နှင့် ရောဂါဖြစ်ပွားမှုစောင့်ကြပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် ပြည်ထောင်စုဝန်ကြီး ညွှန်ကြား

ယခုကာလသည် ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) ဖြစ်ပွားတတ်သောကာလဖြစ်၍ ပြည်သူ့ဆေးရုံများတွင် ဆေးဝါးများလုံလောက်စွာ ထားရှိရန်နှင့် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားကြောင်း သိရသည်။



ဇွန် ၁၇ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံကာ ရာသီတုပ်ကွေးရောဂါအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ရာသီတုပ်ကွေးရောဂါဖြစ်ပွားတတ်တဲ့ ကာလဖြစ်တဲ့အတွက် ရောဂါကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေးအသိပညာတွေကို ပြည်သူလူထုဆီ ဖြန့်ဝေပေးဖို့လိုပါတယ်။ တခြားရောဂါအခံရှိတဲ့သူတွေနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေမှာ ရောဂါဖြစ်ပွားရင် ရောဂါပြင်းထန်တာကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူတဲ့အခါ ကုသမှုပေးနိုင်ဖို့ ပြည်သူ့ဆေးရုံတွေမှာ ဆေးဝါးတွေလုံလုံလောက်လောက် ရှိစေဖို့ ဆောင်ရွက်ရမယ်။ ဒါ့အပြင် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းကိုလည်း စနစ်တကျဆောင်ရွက်သွားဖို့လိုပြီး အိမ်နီးချင်းနိုင်ငံတွေက ရောဂါဖြစ်ပွားမှု အခြေအနေတွေကိုလည်း စောင့်ကြပ်ကြည့် ရှုဖို့လိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။


ပြီးခဲ့သည့် ၂၀၁ရခုနှစ်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရာသီတုပ်ကွေးရောဂါ easonal Influenza A (H1N1) pdm 2009 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအပေါ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုချက် များပေးပို့ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ သိရသည်။

အဆိုပါ အကြံပြုချက်တွင် ရာသီတုပ်ကွေးရောဂါ အဖြစ်များသည့် ကာလများတွင် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ရောဂါ (SARI) လူနာများအား ရာသီတုပ်ကွေးရောဂါပိုး စစ်ဆေးပေးနိုင်ရန် Protocol များ ချမှတ်ဆောင်ရွက်ခြင်း၊ ဓာတ်ခွဲအတည်ပြုစစ်ဆေးခြင်းများကို SARI Surveillance ပြုလုပ်နေသည့် Sentinel Site ဆေးရုံများရှိ ပြင်ပလူနာဌာနများတွင် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ (ILI  Surveillance) ပါဆောင်ရွက်ခြင်း၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲနှင့် အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာနများအနေဖြင့် Teleconferences များ ပုံမှန်ပြုလုပ်ဆောင်ရွက်ခြင်း၊ Hospital infection control committees မှ ဘဏ္ဍဍာငွေရရှိမှု နှင့်အညီ ရောဂါကူးစက်မှုကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်မှုလုပ်ငန်းများအား ဦးစားပေးသတ်မှတ်ခြင်း၊ National antibio-tic stewardship program ပေါ်ထွက်လာစေခြင်း၊ ရောဂါကူးစက်မှုကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေးဆေးရုံများ ပေါ်ထွက်လာစေရန် ဆောင်ရွက်ခြင်း၊ Hospital acquired infections များအတွက် စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန၏ စွမ်းဆောင်နိုင်မှုကို မြှင့်တင်နိုင်ရေး အတွက်လုံခြုံစိတ်ချရသည့် ဓာတ်ခွဲခန်းများ တိုးမြှင့်တည်ဆောက်ခြင်းနှင့် ပဋိဇီဝဆေးဝါးများ ယဉ်ပါးမှုမဖြစ်စေရေးအတွက် အရေးကြီးလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်း၊ သုတေသနလုပ်ငန်းများတွင်အား ဖြည့်ဆောင်ရွက်သွားရန် ဦးစားပေးသတ်မှတ်ခြင်းများပြုလုပ်ရန် အကြံပြုထား သည်။

ရာသီတုပ်ကွေးရောဂါသည် မိုးတွင်းကာလနှင့် ဆောင်းတွင်းကာလများတွင် ပိုမိုဖြစ်ပွားကူးစက်တတ်ရာ ဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးစီမံချက်ကိုရေးဆွဲ၍ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

No comments:

Post a Comment