Tuesday, June 18, 2019

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတွင် တရုတ်ယွမ်ငွေအသုံးပြုရန် ဆွေးနွေးလျက်ရှိ

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတွင် တရုတ်ယွမ်ငွေအသုံးပြုနိုင်ရန် ကိစ္စရပ်များကို မြန်မာ-တရုတ်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-တရုတ် စီးပွားရေစင်္က࿿ြံတည်ထောင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် တရုတ်ယွမ်ငွေ (RMB) အသုံးပြုရန်ကိစ္စ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဦးစားပေးဝယ်သူ့ချေးငွေနှင့် သက်သာသောချေးငွေတို့ကို အသုံးပြုရေးကိစ္စ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့်စပ်လျဉ်း၍ အကျိုးရလဒ်များရရှိစေရန် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် ငါးနှစ်ဖွံ့ဖြိုးမှုအစီအစဉ်ကို ပူးတွဲအကောင်အထည်ဖော်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်း၊ ရထားလမ်း၊ အမြန်လမ်း၊ နိုင်ငံဖြတ်ကျော်ဓာတ်အားလိုင်းနှင့် အခြားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-တရုတ်နယ်စပ်ဒေသ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်တည်ထောင်ခြင်းနှင့် တည်နေရာသတ်မှတ်ခြင်းများ၊ နှစ်နိုင်ငံအကြား အစားထိုးသီးနှံစိုက်ပျိုးမှုတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

မြန်မာ-တရုတ်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀ဝ၅ ခုနှစ်တွင် ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံ၌လည်းကောင်း၊ ဒုတိယအကြိမ်ကို ၂၀ဝ၈ ခုနှစ်တွင် တရုတ်နိုင်ငံ၌လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် တတိယအကြိမ်အဖြစ် မြန်မာနိုင်ငံ၌လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် တရုတ်နိုင်ငံ၌ လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် ပဉ္စမအကြိမ်အဖြစ် မြန်မာနိုင်ငံ၌ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များကို မူဆယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးတို့၌ တည်ဆောက်ပြီး Core Zone၊ ပို့ကုန်သွင်းကုန်ပစ္စည်းများသို လှောင်ရန် ကုန်လှောင်ရုံဧရိယာများအဖြစ် ဖွဲ့စည်းတည်ထောင်ရန် လျာထားကြောင်း မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌဌက ပြောကြားသည်။

မူဆယ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရာတွင် မူဆယ် (ဟိုဆောင်)-ကျယ်ဂေါင်ကို Core Zone အဖြစ်လည်းကောင်း၊ ကြူကုတ်(ပန် ဆိုင်း)-ဝမ်တိန်-နွမ်းရင် (ကျိန်စိမ်းကျော့)- မန့်မန် (ရွှေလီ) တို့အား Export Product Manufacturing Processing and Warehouse Area များအဖြစ်လည်းကောင်း၊ ဆယ်လန့်(မန်ဟီးရိုး)-ဆယ်လင်းနှင့် နမ့်ခမ်း -နောင်တောင်းတို့ကို Import Processing and Warehouse Area များအဖြစ်လည်းကောင်း ဖွဲ့စည်းတည်ထောင်သွားရန် လျာထားကြောင်းနှင့် မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (BECZ) တည်ထောင်အကောင်အထည်ဖော်ခြင်းကိုလည်း နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများနှင့်အညီ စနစ်တကျ တည်ထောင်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း  မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည် ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌဌပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။ 

No comments:

Post a Comment