Tuesday, June 18, 2019

မြန်မာ့စီးပွားရေး အရှိန်ပြန်ရလာပြီဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင်ဖော်ပြ

 ပြီးခဲ့တဲ့နှစ်အတွင်း အလှုပ်အယမ်းများခဲ့တဲ့ မြန်မာ့စီးပွားရေးအခြေအနေဟာ တဖြည်းဖြည်း ပြန်တည်ငြိမ်လာပြီး အရှိန်ပြန်ရလာပြီလို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာမှာဖော်ပြထားပါတယ်။အဲ့ဒီ့အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနူန်းဟာ ၂၀၁၈/၁၉ ဘဏ္ဍဍာနှစ်မှာ ၆.၅ ရာခိုင်နှုန်းရှိမှာဖြစ်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ကုန်ထုတ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေက စီးပွားရေးတိုးတက်မှုရဲ့ အဓိကမောင်းနှင်အားတွေ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ကဆိုထားပါတယ်။
“ World Bank ရဲ့ အစီရင်ခံစာကတော့လေ တကယ့်ပညာရှင်မျက်စိနဲ့ကြည့်ပြီးတော့မှ ပညာရှင် တွေ လေ့လာပြီးကြည့်တာဆိုတော့ ကျွန်မတို့ရဲ့ စီးပွားရေးကိုခြုံပြီးကြည့်တာပေါ့လေ။ GDP ကပြီးခဲ့တဲ့ ၆လပတ်တုန်းက ၆.၄ ရာခိုင်နှုန်းပဲတက်တယ်။ အခုဒီနှစ်မှာ ၂၀၁၈/ ၂၀၁၉ ဘဏ္ဍဍာနှစ်မှာကျတော့ ၆.၅ ရာခိုင်နှုန်းပဲတက်မယ်ဆိုတော့ .၁ ရာခိုင်နှုန်းပဲတက်တယ်ဆိုတော့ တက်တော့တက်တယ်။ ဒါပေမယ့် တက်တာနှေးတယ်ပေါ့ ဒါသူတို့ရဲ့တွေ့ရှိချက်” ဟု ရင်းနှီးမြှပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်ကပြောပါတယ်။ဒါ့အပြင် အထည်ချုပ်လုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ အရှိန်ပြန်ရလာပြီးတော့ လက်လီနဲ့ လက်ကားရောင်းဝယ်ရေးလုပ်ငန်းတွေလည်း အရှိန်ပြန်ရလာတာကြောင့် မြန်မာ့စီးပွားပြန်လည် ဦးမော့လာတာလို့လည်း သိရပါတယ်။ငွေလဲလှယ်မှုနှုန်းထားတည်ငြိမ်တာနဲ့ လောင်စာဆီဈေး ကျဆင်းတာတွေကြောင့် ငွေကြေးဖောင်းပွမှု နှုန်းဟာလည်း ၂၀၁၈ ခုနှစ်က ၈.၈ ရာခိုင်နှုန်းရှိတာကနေ ၂၀၁၉ ခုနှစ်မှာ ၆.၁ ရာခိုင်နှုန်းအထိ ပြန်လည် ကျဆင်းလာတယ်လို့ သိရပါတယ်။ဒါပေမယ့် ကုန်ဈေးနှုန်းတွေနဲ့ လောင်စာဆီဈေးတွေရဲ့ မတည်ငြိမ်မှုတွေကြောင့် ငွေကြေး ဖောင်းပွ မှုနှုန်းဟာ ၂၀၁၉ ခုနှစ် မတ်လလောက်အထိ ၆.၅ ရာခိုင်နှုန်းပဲရှိနေခဲ့ပြီး ပြန်လည် တည်ငြိမ်လာ တယ်လို့လည်း ကမ္ဘာ့ဘဏ်ကဆိုပါတယ်။တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေတွေဆိုးရွားနေပေမယ့် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂၀၂၀-၂၁ ဘဏ္ဍဍာနှစ်မှာ ၆.၇ ရာခိုင်နှုန်းအထိ တိုးတက်လာမယ်လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းလိုက်ပါတယ်။ဒါပေမယ့် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအရှိန်နှေးကွေးတာတွေ၊ ကုန်သွယ်ရေးစစ်ပွဲ ပိုပြီးတင်းမာ လာတာတွေနဲ့ အီးယူက  ကုန်သွယ်မှုအထူးအခွင့်အရေး ရုပ်သိမ်းနိုင်တဲ့ အလားအလာတွေအပါအဝင် စွမ်းအင်ဈေးနှုန်းအတက်အကျတွေကြောင့် စိန်ခေါ်မှုတွေရှိနေသေးတယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment