Tuesday, June 18, 2019

ဦးဝင်းတင်၏ အသုံးအဆောင်များကို ထိန်းသိမ်းထားသူက ပြတိုက်တည်ထောင်ချိန်တွင် လှူဒါန်းမည်

 ဟံသာဝတီဦးဝင်းတင် ၏ အသုံးအဆောင်ပစ္စည်းများကို ၎င်းကိုယ်တိုင် တည်ထောင်ခဲ့ သည့်ဖောင်ဒေးရှင်းကိုယ်စားအ ဖွဲ့ဝင်တစ်ဦးက ထိန်းသိမ်းထား ဆဲဖြစ်သည်။ ဟံသာဝတီဦးဝင်းတင်သည် ၎င်း၏မိတ်ဆွေဦးအုန်းထွန်း၏ နေအိမ်ရှိရာ ရန်ကင်းမြို့နယ် ကျောက်ကုန်းတပင်ရွှေထီးလမ်း တွင် မကွယ်လွန်မီအထိနေထိုင်ခဲ့ သည်။ အဆိုပါအိမ်ကို ၂၀၁၈ နှစ်ဆန်းပိုင်းက ပိုင်ရှင်အပြောင်း အလဲဖြစ်၍ ဖြိုဖျက်ခဲ့သော်လည်း ဦးအုန်းထွန်း၏သားက ထိန်းသိမ်း ပေးထားခြင်းဖြစ်သည်။

 ‘‘သူတို့ကတော့ ဖောင်ဒေး ရှင်းက ပြတိုက်လုပ်မှလှူမယ်လို့ အသိပေးထားပါတယ်။ ဖောင် ဒေးရှင်းအနေနဲ့ကလည်း ပြတိုက် လုပ်ဖို့ရည်ရွယ်ချက်ရှိပါတယ်’’ ဟု ဖောင်ဒေးရှင်းအတွင်းရေးမှူး ဦးကျော်အောင်က ဇွန်လ ၁၇ ရက်တွင်ပြောသည်။

 ဟံသာဝတီဦးဝင်းတင်အ မှတ်တရပြတိုက်ပြုလုပ်နိုင်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ တင် ပြထားမှုရှိကြောင်းလည်း ၎င်းက ပြောသည်။ ဖောင်ဒေးရှင်းတာဝန် ရှိသူများက ဦးဝင်းတင်ကို ချစ်ခင် လေးစားသူအားလုံးနှင့်ပူးပေါင်း ၍ ဦးဝင်းတင်အမှတ်တရပြတိုက် တစ်ခုကို အချိန်ယူတည်ဆောက် ရန် ကြိုးစားနေကြောင်းလည်း ဦးကျော်အောင်က ပြောသည်။

‘‘ဘဘနဲ့ပတ်သက်တာကို ပြတိုက်ပဲလုပ်လုပ်၊ ဘယ်သူပဲ လုပ်လုပ် ကျွန်တော်တို့ကတော့ ကန့်ကွက်စရာမရှိပါဘူး။ ဆွေး နွေးတိုင်ပင်ပြီးတော့ တတ်နိုင်သ မျှ ပူးပေါင်းဆောင်ရွက်ချင်ပါ တယ်’’ ဟု ၎င်းကပြောသည်။

 ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်အချို့ နှင့်  နိုင်ငံရေးအ၀န်းအ၀ိုင်းမှ ပုဂ္ဂိုလ်အချို့လည်း ဟံသာဝတီဦးဝင်းတင်အမှတ်တရအဖြစ် ‘ဦးဝင်းတင်အိမ်(U Win Tin- House)’ ကို ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်(၁၀)ရပ်ကွက် ဟိုင်ဆင်ဒူးဝါးလမ်းတွင် ဧပြီ ၂၁ ရက်က စတင်ဖွင့်လှစ်ထားသည်။ သို့သော် အဆိုပါပြတိုက်တွင် ဟံသာဝတီဦးဝင်းတင်အသက်ရှိစဉ်က အမှန်တကယ်အသုံးပြုခဲ့သည့် ပစ္စည်းအလုံးစုံကို ပြသနိုင်ခြင်းမရှိပေ။

ဦးဝင်းတင်ပိုင်ဆိုင်ခဲ့သည့် အသုံးအဆောင်များနှင့်အမှတ် တရပစ္စည်းများကို ပြန်လည်စု စည်း၍ အများပြည်သူလေ့လာနိုင် ရန် ထိန်းသိမ်းပေးမည်ဖြစ်သဖြင့် လာရောက်လှူဒါန်း၊ ပေးပို့နိုင် ကြောင်း ဦးဝင်းတင်အမှတ်တရ နေအိမ်ဖြစ်မြောက်ရေး ဆောင် ရွက်ခဲ့သည့် လွှတ်တော်ကိုယ်စား လှယ်ဒေါ်ဖြူဖြူသင်းက မီဒီယာ များမှတစ်ဆင့် ထုတ်ဖော်ပြော ကြားထားသည်။

 ဟံသာဝတီဦးဝင်းတင်အ မှတ်တရပြတိုက်ကို ၎င်း၏မိတ် ဆွေများ၊ တပည့်များအားလုံးပူး ပေါင်း၍ အချိန်ယူတည်ဆောက် စေလိုကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်းအချို့က မှတ်ချက်ပြု ပြောကြားထားသည်။ ‘‘ဘဘက တစ်တိုင်းပြည်လုံး နဲ့ သက်ဆိုင်တယ်။ ဘဘလို ကြီး ကျယ်ခမ်းနားတဲ့သူမျိုးအတွက်ကို သာမန်လုပ်လို့မရပါဘူး။ အလျင် စလို လုပ်လို့မရပါဘူး။ ဒီပြတိုက် က ကြီးကြီးကျယ်ကျယ် ခမ်းခမ်း နားနားဖြစ်စေချင်ပါတယ်’’ ဟု နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

No comments:

Post a Comment