Tuesday, June 18, 2019

ဘန်ကောက်တွင် ထိုင်ဝမ်မူးယစ်ဂိုဏ်းအား ဆက်တိုက်ဖမ်းဆီးနေရာမှ အဓိက မူးယစ်ဆေး ရှာဖွေ ပေးနေသူ ထိုင်းနာမည်ကြီးအဆိုတော် အဖမ်းခံရ

Image may contain: 1 person, standingယခုရက်ပိုင်း အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ထိုင်ဝမ်နိုင်ငံသား မူးယစ် ကုန်သယ်တွေကို ဆက်တိုက်ဖမ်းဆီး နိုင်ခဲ့ရာမှာ ထိုင်ဝမ်နိုင်ငံသားတွေရဲ့  ၀န်ခံချက်အရ သူတို့ ကို စိတ်ကြွဆေးတွေရှာပေးနေတဲ့ ထိုင်း နိုင်ငံသား တွေကို ဆက်လက်ဖေါ်ထုတ်ခဲ့ရာမှာ ဇွန်လ ၁၇ ရက်နေ့ ညက ဘန်ကောက် မြို့  လမ်အင်တရာ နယ်မြေမှာ နာမည်ကြီးအဆိုတော် ကွတ်ကီး ပစ်စနာ အသက် (၄၀) နဲ့  သူမတတိယ ခင်ပွန်း ကို သူတို့ နေထိုင်ရာအခန်းမှာ စိတ်ကြွဆေးတွေနဲ့  အတူ ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။


ရာခေစမင် မူးယစ်ဆေး ၅၀ ကီလိုဂရမ်နဲ့  ရာဘ၊ ဘိန်ဖြူ တွေနဲ့ အတူ ဖမ်းမိသွားခဲ့တာဖြစ်ပါတယ်။ အဆိုတော် ကွတ်ကီးဟာ မူးယစ်ဆေးစွဲနေတာ ၁၀ နှစ်ကျော်ရှိနေပြီလို့ သိရပါတယ်။

သူမဟာ ထိုင်ဝမ်နိုင်ငံသားတွေ အတွက် စိတ်ကြွဆေးတွေကို ဆက်သွယ်ဝယ်ယူပေးနေသူလို့  ထိုင်းမူးယစ်ရဲတပ်ဖွဲ့ ကထုတ်ပြန်ခဲ့ပါတယ်။

No comments:

Post a Comment