Tuesday, June 18, 2019

ကမ္ဘာကျော် စတန့်ပြကွက်ကို ပြဖို့လုပ်ရင်း မြစ်ထဲမှာ ပျောက်နေခဲ့တဲ့ အိန္ဒိယစတန့်သမား ရေနစ်သေဆုံးဟု အတည်ပြု

ခြေတွေလက်တွေကို သံကြိုးခတ်စေပြီး မြစ်ထဲ ချခိုင်းကာ ပြန်လည် လွတ်မြောက်တဲ့ ပြကွက်တစ်ခုကို ပြသဖို့ လုပ်ခဲ့တဲ့ အိန္ဒိယ စတန့်သမားတစ်ဦး ဇွန်လ ၁၆ ရက်က မြစ်ထဲမှာ ပျောက်ဆုံးခဲ့ပါတယ်။ ယခုအခါမှာတော့ ゞင်း စတန့်သမားဟာ ရေနစ်သေဆုံးသွားပြီဖြစ်ကြောင်း ရဲက အတည်ပြုပါတယ်။ ချန်ချယ်လ် လာဟီရီ အမည်ရ အဆိုပါ အိန္ဒိယ စတန့်သမားဟာ အမေရိကန်စတန့်သမား ဟယ်ရီ ဟူဒီနီရဲ့ ကမ္ဘာကျော် ပြကွက်ကို ပြန်လည် ဖန်တီးပြသဖို့ ကြိုးစားရင်းနဲ့ ခုလို အဖြစ်နဲ့ ကြုံတွေ့လိုက်ရတာဖြစ်ပါတယ်။



ယင်း ပြကွက်မှာတော့ လာဟီရီဟာ ခြေလက်တွေ ကြိုးတုပ်ခံထားရင်းနဲ့ အနောက် ဘန်ဂေါပြည်နယ် ဟူဂလီ မြစ်ထဲကို ချစေခဲ့တာဖြစ်ပါတယ်။ အစီအစဉ်အရ ゞင်းဟာ အနှောင်အဖွဲ့တွေကနေ ပြန်လွတ်မြောက်ပြီး ရေကူးပြီး ပြန်ပေါ်လာရမှာ ဖြစ်ပေမယ့် ရေထဲကနေ ပြန်ပေါ်မလာနိုင်ခဲ့တာဖြစ်ပါတယ်။

ゞင်းရဲ့ ပြကွက်ကို စောင့်ကြည့်ခဲ့ကြတဲ့ လူအုပ်စုကြီးကတော့ ゞင်း ပြန်ပေါ်မလာတော့တဲ့နောက်  မြစ်ထဲ ဆင်းရှာခဲ့သလို ရဲကိုလည်း အကြောင်းကြားခဲ့ပါတယ်။ ယင်းနောက် ဝိုင်းဝန်းရှာဖွေမှုတွေ လုပ်ခဲ့ကြရပါတယ်။

 ယင်းနောက် ဇွန်လ ၁၇ ရက် နှောင်းပိုင်းမှာပဲ အခင်းဖြစ်ရာ နေရာကနေ ၁ ကီလိုမီတာခန့် ကွာဝေးတဲ့ နေရာတစ်ခုမှာ သွားပြီး ကမ်းတင်နေတဲ့ ゞင်းရဲ့အလောင်းကို တွေ့ရှိထားကြောင်း သိရပါတယ်။

မစ္စတာ လာဟီရီကတော့ ဒီ ပြကွက်ကို ပြဖို့အတွက် ရေယာဉ်တစ်စင်းပေါ်ကနေ မြစ်ထဲ ချခိုင်းခဲ့တာ ဖြစ်ပါတယ်။ ゞင်းဟာ ခြေလက်တွေကို သံကြိုးကွင်းတစ်ခု၊ သော့ခြောက်လုံး ခတ်စေပြီး ရေထဲ ချခိုင်းခဲ့တာဖြစ်ပေမယ့် ယခုလို အဖြစ်ဆိုးနဲ့ တွေ့ကြုံသွားရတာဖြစ်ပါတယ်။

No comments:

Post a Comment