Tuesday, June 18, 2019

နေအိမ်ရှေ့ ကားပါကင်နေရာ ဖယ်မပေးသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ လူ ၂ ဦး ဒဏ်ရာရ

Image may contain: car and outdoorရန်ကုန်တိုင်းဒေသကြီး၊ပုဇွန်တောင်မြို့နယ်၊ဦးဝိဇ္ဇာလမ်းတွင် ဇွန်လ ၁၆ ရက်နေ့ ည ၈ နာရီ အချိန်က နေအိမ်ရှေ့ ကားပါကင်နေရာဖယ်မပေးသည့်ကိစ္စဖြင့် စကားများရာမှ ဝါးတုတ်ဖြင့်အရိုက်ခံရ၍ လူ (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ယနေ့  (ဇွန် ၁၇ ) ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။ ပုဇွန်တောင်မြိ့နယ်၊ (၇)ရပ်ကွက်နေ ဒေါ်စန်းယုမေ(၄၇)နှစ် သည် ဦးဝိဇ္ဇာလမ်း ၊ မြေညီထပ်၊ အမှတ်(၁၉)နေ ဒေါ်သဇင်မြင့်၏ နေအိမ်သို့ ရောက်ရှိစဉ် ဒေါ်သဇင်မြင့်၏ နေအိမ်ရှေ့ ကားပါကင်မှနေရာဖယ်မပေးသည့်ကိစ္စဖြင့် အစ်ကိုတော်စပ် သူ ဦးအောင်မြင့်(၅၅)နှစ်၊ ခဲအိုတော်စပ်သူ ဦးခင်ဇော်(ခ) ဦးခင်ဇော်စန်း(၅၇)နှစ်တို့နှင့် တစ်လမ်းတည်းနေဟိန်းကိုကို ဇော်(၃၇)နှစ်၊ ဂျွန်ညီညီဇော် (၃၂)နှစ်တို့ စကားများရန်ဖြစ်ခဲ့သည်ဆို၏။ ဂျွန်ညီညီဇော်ကဝါးတုတ်ဖြင့်ရိုက်ပြီးဟိန်းကိုကိုဇော်ကလက် သီးဖြင့် ထိုးခဲ့၍ ဦးအောင်မြင့်နှင့်ဦးခင်ဇော်(ခ)ဦးခင်ဇော်စန်း တို့တွင် ဒဏ်ရာများ ရရှိခဲ့သည်ဆို၏။ အရေးယူပေးရန်တိုင်တန်းချက်အရ ဂျွန်ညီညီဇော်နှင့် ဟိန်းကိုကိုဇော်တို့ အား ပုဇွန်တောင်မြို့မရဲစခန်းက (ပ)၂၇၅/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄ ဖြင့် အရေးယူထားသည်။

No comments:

Post a Comment