Tuesday, June 18, 2019

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ ငလျင်လှုပ်ပြီး ၁၁ ဦးသေဆုံးကာ ရာနဲ့ချီ ဒဏ်ရာရ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ဇွန် ၁၈ ရက်က ပြင်အားရစ်ခ်ျတာစကေး ၆ အဆင့်ရှိ ငလျင်လှုပ်ရာမှာ ၁၁ ဦး သေဆုံးပြီး လူပေါင်း ၁၂၂ ဦး ထိခိုက်ဒဏ်ရာရရှိပါတယ်။ ငလျင်လှုပ်တာကြောင့် ပျက်စီးပြိုကျတဲ့ အဆောက်အအုံ အပျက်အစီးပုံအောက် အသက်ရှင်နေသူတွေကို ကယ်ဆုယ်ရေးသမားတွေက ကယ်ထုတ်နေရပါတယ်။ ငလျင်ဟာ ယီပင်းမြို့ အပြင်ဖက် မြေအောက်အနက် ဆယ်မိုင်ခန့်မှာ ဗဟိုပြုပြီး လှုပ်ခဲ့တာလို့ တရုတ်ငလျင်ကွန်ယက်စင်တာက ထုတ်ပြန်ပါတယ်။



ငလျင်ဗဟိုချက်နဲ့ နီးတဲ့ ဟိုတယ်တစ်လုံး လုံးဝပြိုကပေမယ့် ဒီဖြစ်ရပ်မှာ သေဆုံးသူ ဘယ်လောက်ရှိမလဲဆိုတာ မသိရသေးကြောင်း ရှင်ဟွာသတင်းဌာနက ထုတ်ပြန်ပါတယ်။

ပြိုကျအဆောက်အအုံတစ်ခုရဲ့ အပျက်အစီးအောက်ကနေ အသက်ရှင်သူတွေကို ကယ်ဆယ်ရေးသမားတွေ ကယ်ထုတ်နေရပုံကို နိုင်ငံပိုင်ရုပ်သံ CCTV က ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဒီ ငလျင်ကြီး လှုပ်အပြီးမှာ နောက်ဆက်တွဲ ငလျင်တွေလည်း ဆက်လှုပ်ပြီး အပြင်းဆုံး နောက်ဆက်တွဲငလျင်ဟာ အင်အားရစ်ခ်ျတာစကေး ၅ အဆင့် ရှိပါတယ်။

ငလျင်လှုပ်ရာ အရပ်ဆီ မီးသတ်သမား အင်အား ၃၀ဝ ကျော်ကို စေလွှတ်ထားပါတယ်။ ကယ်ဆယ်ရေးအမှုထမ်းတွေကိုလည်း ရွက်ဖျင်တဲ ၅၀ဝ၀၊ ခေါက်ကုတင် ၁ဝဝဝဝနဲ့ အခြားအရေးပေါ် အကူအညီပစ္စည်းတွေနဲ့အတူ စေလွှတ်ပေးပို့ထားကြောင်း ရှင်ဟွာသတင်းက ဖော်ပြပါတယ်။

No comments:

Post a Comment