Tuesday, June 18, 2019

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကျပ်သိန်းပေါင်း သုံးသိန်းလေးသောင်းကျော် တန်ဖိုးရှိ ရွှေစင်ရွှေပြားများ ကပ်လှူ

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကျပ်သိန်းပေါင်း သုံးသိန်းလေးသောင်းကျော်တန်ဖိုးရှိ ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ခဲ့ကြောင်း ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ရုံးမှ သိရသည်။ နယုန်လပြည့် (ဇွန် ၁၇ ရက်) မဟာသမယအခါတော်နေ့ နံနက် ၅ နာရီတွင် လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္က္န်းတော် ကပ်လှူပူဇော်ပြီးဖြစ်သော ရွှေတိဂုံစေတီတော် မြတ်ကြီးကို ပင့်သံဃာအပါး ၁၀၈ ဖြင့် ဗုဒ္ဇါဘိသေကအနေကဇာတင် မင်္ဂ္လာသဘင် ဆင်ယင်ကျင်းပခဲ့ပြီး နံနက် ၈ နာရီတွင် ချမ်းသာကြီးတန်ဆောင်း၌ ရေစက်ချအခမ်းအနားပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကြည်မင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်လင်းတို့ တက်ရောက်ပူဇော်ကြည်ညိုခဲ့ကြသည်။



ရွှေတိဂုံစေတီတော်ဘဏ္ဍဍာတော်ထိန်း ဂေါပကအဖွဲ့၏ ကုသိုလ်ယူအနီးကပ် စောင့်ကြည့်ပူးပေါင်းပါဝင်ဆောင်ရွက်မှုများနှင့် အတူရုံးဝန်ထမ်းအသီးသီး၏ သက်ဆိုင်ရာ ကဏ္ဍဍအလိုက် တာဝန်ကျေမှုများကြောင့်လည်း လုပ်ငန်းများ အဆင်ပြေအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် လုပ်အားဒါန ကုသိုလ်ရှင်များနှင့် အဘက်ဘက်က ကုသိုလ်စိတ်နှင့် ဝိုင်းဝန်းဖြည့်ဆည်းခဲ့ကြသော ဘာသာရေးဝေယျာဝေစ္စကုသိုလ်ရှင်များ ပညာရှင်များကို ကျေးဇူးတင်ကြောင်း၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဆရာတော်ကြီးများ၏ သြဝါဒ၊ အစိုးရ၏ ဦးဆောင်အားပေးမှုနှင့် လုပ်ငန်းကော်မတီအသီးသီးတို့၏ ဝိုင်းဝန်းဆောင်ရွက်မှုများကြောင့် ရေစက်ချအောင်ပွဲကို ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဒုတိယဝန်ကြီး၏ သာသနာရေးဆိုင်ရာ လျှောက်ထားချက်တွင် ဖော်ပြထားသည်။


စေတီတော်မြတ်ကြီးအား ကပ်လှူခဲ့သော ရွှေပြားအရေအတွက်မှာ  Gold Coating  ၂၀၂၆၇ ချပ်၊ Gold Plating ၁၉၀ဝ ချပ်ရှိပြီး စုစုပေါင်း၂၂၁၆၇ ချပ်ရှိခဲ့ကြောင်း၊ ရွှေမျက်ပါးရာ ဆိုင်းများကိုလည်း ကပ်လှူခဲ့ရာ စုစုပေါင်းရွှေဆိုင်း ၁၈၃၇၅ ရှိပြီး ရွှေဆိုင်းလုပ်အားခမှာ ကျပ်သိန်းပေါင်း ၈၄၄၉ ကျော် ကုန်ကျခဲ့ကြောင်း၊ ငြမ်းစေတီတည်ဆောက်ခြင်းနှင့် ဖြုတ်သိမ်းခမှာ ကျပ်သိန်းပေါင်း  ၁၈၂၈ သိန်းကျော် ကုန်ကျခဲ့ကြောင်း ဂေါပကအဖွဲ့ရုံးမှ သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္က္န်းတော်ကပ်လှူဒါန်းပွဲ ရေစက်ချအလှူတော်မင်္ဂ္လာ အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းလွတ်တော်ဥက္ကဋ္ဌဌနှင့် အစိုးရတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment