Tuesday, June 18, 2019

ကိုကိုးကျွန်း သင်္ဘ࿿ောဝယ်ယူရေး အပါအဝင် လုပ်ငန်း၃ခုကို အစိုးရပယ်ဖျက်

 ၂၀၁၉-၂၀၂၀ ဘဏ္ဍဍာနှစ် အရအသုံး ခန့်မှန်းခြေ လျာထားစာရင်းတွင်ရန်ကုန်တိုင်းဒေသကြီး အစိုးရက တင်ပြထားသည့် စုပေါင်းရာဇဝတ်ရုံးတည်ဆောက်ရေး၊ တိုင်း ရဲတပ်ဖွဲ့ရုံး တည်ဆောက်ရေး နှင့် ကိုကိုကျွန်း သင်္ဘ࿿ောဝယ်ယူရေး ကိစ္စတို့ကို ပယ်ဖျက်လိုက်ကြောင်း စီမံဘဏ္ဍဍာ ဝန်ကြီး ဦးမြင့်သောင်းက ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် ပြောသည်။



“ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရာဇဝတ်ရုံးတည်ဆောက်မယ့် ကျပ်ငွေ ၆ဘီလီယံနဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံး ဆောက်လုပ်ရန်အတွက် ကျပ်ငွေ ၅ဘီလီယံ ကိုကိုးကျွန်း သင်္ဘ࿿ောဝယ်ယူရန် ၅ဘီလီယံ စုစုပေါင်း ၁၆ ဘီလီယံကို ရသုံးငွေစာရင်းမှာ လျာထားခြင်း မပြုတော့ပဲ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ခွဲဝေသုံးစွဲသွားမှာ ဖြစ်ပါတယ်” ဟု ဦးမြင့်သောင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍဍာနှစ် အရအသုံး ခန့်မှန်းခြေ လျာထားစာရင်းကို ဇွန်လ ၁၁ရက်နေ့က လွှတ်တော်သို့ အစိုးရက တင်သွင်းခဲ့ပြီး ၁၂ရက်နေ့နှင့် ၁၃ရက်တိုပတွင် လွှတ်တော်ကိုယ်စားလှယ်များ ၃၃ ဦးတို့က ဆွေးနွေးခဲ့ကြသည်။ ကိုယ်စားလှယ်များ အပြင်းအထန ကန့်ကွက်ခဲ့ကြသည့် အသုံးစရိတ် ၃ခုကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ခေါင်းစဉ်ပြောင်းသုံးစွဲရန် အစိုးရ၏ တင်ပြချက်ကို လွှတ်တော်က သဘောတူခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍဍာနှစ် အရအသုံး ခန့်မှန်းခြေ လျာထားစာရင်းတွင်ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဘတ်ဂျက် ဘီလီယံ ၇၀ဝ ကျော် သုံးစွဲဖို့လျာထားထားသည်။

No comments:

Post a Comment