Wednesday, June 12, 2019

စစ်အစိုးရခေါင်းဆောင် ပရာယွတ်က ထိုင်းနိုင်ငံ၏ ၂၉ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာ

ဇွန် ၁၁ ရက်တွင် ဘန်ကောက်၌ အစိုးရအိမ်တော်တွင် ဝန်ကြီးချုပ်သစ်အဖြစ် ပရာယွတ်က စကားပြောနေစဉ် (Photo ; AFP)ထိုင်းအာဏာသိမ်း စစ်အစိုးရခေါင်းဆောင် ပရာယွတ်ချန်အိုချာသည် နန်းတော်၏ အသိအမှတ်ပြုမှု ရရှိခဲ့ပြီးနောက် ဇွန် ၁၁ ရက်တွင် နိုင်ငံ၏ ၂၉ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ရာ စစ်သားမှ အရပ်သားခေါင်း ဆောင်ဖြစ်လာရန် ゞင်း၏ကာလရှည်ကြာ ကြိုးပမ်းမှုသည် ပြီးမြောက်သွားခဲ့သည်။ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအား ဦးဆောင်ခဲ့သည့် စစ်ဦးစီးချုပ်ဟောင်းဖြစ်သူ အသက် ၆၅ နှစ်ရှိ ပရာယွတ်သည် ချစ်ခင်မှု၊ ညီညွတ်မှုနှင့် ကရုဏာထားမှုတို့ကို ကတိပြုခဲ့သည်။ သို့သော် ပရာယွတ်၏ ယခင်အာဏာချုပ်ကိုင်မှုအတွင်း နိုင်ငံရေးဆိုင်ရာ စုဝေးမှုများအား ပိတ်ပင်ခြင်း၊ မီဒီယာအား ဖြိုခွင်းခြင်းနှင့် အစိုးရနှင့် သဘောထားကွဲလွဲသူများအား နှုတ်ဆိတ်စေရန် ကြိုးပမ်းခြင်းတို့ ဖြစ်ပွားခဲ့သဖြင့် ゞင်း၏ ကတိပြုမှုများကို ဝေဖန်သူများက သံသယဝင်ကြဖွယ်ရှိသည်။


အာဏာသိမ်းမှုအပြီး ပထမဆုံး ခေါ်ယူခဲ့သော ထိုင်းပါလီမန်အစည်းအဝေးတွင် ဝန်ကြီးချုပ်နေရာအတွက် ရွေးချယ်ရန် မဲခွဲမှု၌ စစ်အစိုးရ ခန့်အပ်ထားသော အထက်လွှတ်တော်အမတ် ၂၅၀ ၏ အကူအညီကြောင့် ပရာယွတ်သည် သြဇာကြီးမားသော Future Forward Party ခေါင်းဆောင်ကိုကျော်၍ ဝန်ကြီးချုပ်အဖြစ် အလွယ်တကူ ရွေးချယ်ခံခဲ့ရသည်။ သို့သော် နိုင်ငံရေးတွင် စစ်တပ်၏ သြဇာလွှမ်းမိုးမှုအား ဒေါသထွက်နေသည့် နိုင်ငံ၌ ပရာယွတ်သည် အောက်လွှတ်တော်၌မူ အမတ်နေရာအများစု အသာရမှုသည် ကွာဟချက်အလွန်အမင်း ကျဉ်းမြောင်းနေခဲ့သည်။ ချစ်ခင်မှု၊ ညီညွတ်မှုနှင့် ကရုဏာ တရားထားမှုကို အခြေခံသည့် ညီညွတ်သော လူ့အဖွဲ့အစည်းတစ်ခုအတွက် ငြိမ်းချမ်းသော ပတ်ဝန်းကျင်တစ်ခုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း အစိုးရအိမ်တော်၌ ဘုရင့်အမိန့်ဒီဂရီအား ဖတ်ကြားပြီးနောက် ပရာယွတ်က ပြောကြားခဲ့သည်။ ထို့ပြင် ပြည်သူများ၏ အသံများအား နားထောင်သွားမည်ဖြစ်ပြီး ဘုရင်စနစ်အား ကာကွယ်ပေးသွားမည်ဟုလည်း ゞင်းက ကတိပြုခဲ့သည်။

ပရာယွတ်သည် တရားဝင်မှုဆိုင်ရာ မေးခွန်းထုတ်ခံရမှုများဖြင့် ကြမ်းတမ်းသော အသွင်ကူးပြောင်းရေးကို ရင်ဆိုင်နေရသည်။ ゞင်းအား အဓိကစိန်ခေါ်ခဲ့သည့် ဘီလျံနာနှင့် ကားအစိတ်အပိုင်းထုတ်လုပ်သည့် ကုမ္ပဏီ မျိုးဆက်တစ်ဦးဖြစ်သူ ထာနာသွန်းဂျူအန် ဂရွန်းဂရူအန်ကစ်သည် ရွေးကောက်ပွဲတွင် ပြည်သူများ၏ ထောက်ခံမဲများစွာရရှိခဲ့သည်။ ထာနာသွန်း၏ Future Forward Party သည် ရွေးကောက်ပွဲ၌ အမတ်နေရာ ၈၁ နေရာဖြင့် တတိယအများဆုံး ရရှိခဲ့သည်။

သို့သော် ထာနာသွန်းနှင့် ゞင်း၏ လက်ထောက်များသည် ဥပဒေကြောင်းဆိုင်ရာ တိုင်ကြားမှုတစ်ဒါဇင်ကျော်ကို ရင်ဆိုင်နေရသည်။ ပါလီမန်မှ ဆိုင်းငံ့ခံထားရသော ထာနာသွန်းသည် ゞင်းရင်ဆိုင်နေရသည့် အမှုများအနက် တစ်မှုက ပြီးဆုံးသွားပြီဖြစ်သော်လည်း ゞင်းသည် အခြားအမှုများတွင် ပြစ်မှုထင်ရှားပါက နိုင်ငံရေးမှ ပိတ်ပင်မှုနှင့် ထောင်ဒဏ်ချမှတ်မှုတို့ကို ရင်ဆိုင်ရနိုင်သည်။

ထာနာသွန်း၏ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် အမျိုးသမီး ပန်နီကာဝါနစ်ခ်ျသည်လည်း တော်ဝင်အသရေဖျက်မှု ဥပဒေကို ချိုးဖောက်ခဲ့သည်ဟု တိုင်ကြားမှုအား ရဲတပ်ဖွဲ့က စစ်ဆေးနေသည်။ ゞင်းကမူ ထိုစွပ်စွဲချက်များအား ငြင်းဆိုထားသည်။

No comments:

Post a Comment