Wednesday, May 29, 2019

သုံးလကျော်ကြာ ဖမ်းဆီးခံနေရသည့် ပလက်ဝဒေသခံ ၅၀ ကျော်ကို ပြန်လည်လွှတ်ပေးရန် AA ထံတောင်းဆို ဖမ်းဆီးထားသူ ၁၂ ဦးသာရှိဟု AA ပြော၊ အရပ်သား ၁၀၀ ကျော်ကို AA ဖမ်းထားကြောင်း တပ်မတော်ဆို

ရခိုင်လက်နက်ကိုင်အ ဖွဲ့ (AA)က လွန်ခဲ့သည့် သုံးလ ကျော်ကတည်းက ဖမ်းဆီးသွား သည့် ပလက်ဝမြို့နယ် ကင်းသ လင်းရွာ ဒေသခံ ၅၀ ကျော်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဖမ်း ဆီးခံရသူများ၏ဆွေမျိုးအချို့က ပြောသည်။  ပလက်ဝဒေသခံ ၅၄ ဦးကို AA အဖွဲ့က ဖေဖော်ဝါရီလဆန်း တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယင်းအနက် အမျိုးသားနှစ်ဦး ပြန်လည်ထွက်ပြေးလွတ်မြောက် ခဲ့ကြောင်း ၎င်းက ဆိုသည်။  AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ ယင်းကျေးရွာသားများ ကို ဖမ်းဆီးခြင်းမရှိကြောင်း၊ ၎င်းတို့ဘာသာ စစ်ဘေးတိမ်းရှောင် နေသည့်အပေါ် AA က ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်းဆို သည်။



‘‘တကယ်ဖမ်းသွားတာပါ။ ဖမ်းတာ အကုန်လုံးသိပါတယ်။ ပလက်ဝနယ်က လူတွေ။ ၅၂ ဦး ကျန်နေတယ်။ လွတ်လာတဲ့ နှစ် ယောက်မှာ တစ်ယောက်က စိတ် မနှံ့တော့ဘူး။ ဒီပလက်ဝမှာပဲရှိ တယ်။ ကျွန်တော်တို့မှာ သူတို့ဖမ်း သွားတဲ့ အိမ်ထောင်စုစာရင်းတွေ ရှိပါတယ်။ ကျွန်တော်တို့က သူ တို့ကို ပြန်လွှတ်ပေးဖို့ပဲ ပြောလို တာ ကျန်တာက ဘာမှ မပြောလို ပါဘူး’’ဟု လုံခြုံရေးအခြေအနေ အရ အမည်မဖော်လိုသည့် ပလက်ဝဒေသခံက ပြောသည်။

AA အဖွဲ့ ဖမ်းဆီးထားသူ ၁၂ဦးသာရှိကြောင်း ခိုင်သုခကပြောကြားသည်။ ဖမ်းဆီးထားသည့် အရပ်သားများကို ပြန်လည်လွှတ် ပေးရန်ရှိသော်လည်း လတ်တ လော မြေပြင်စစ်ရေးအခြေအနေ ပြင်းထန်နေခြင်းကြောင့် အခက် အခဲရှိသည်ဟု ၎င်းကဆိုသည်။

‘‘စစ်သားရော၊ အရပ်သား ရော အကုန်လုံးက ၁၂ ယောက် လောက်ရှိတယ်။ အခုဖမ်းထားတဲ့ လူတွေထဲက အပြစ်မရှိတဲ့လူတွေ အားလုံးကိုတော့ လွှတ်ပေးဖို့ စီစဉ်ထားပြီးပြီ။ တချို့အပြစ်ရှိတဲ့လူ တွေကျတော့ အတိုင်းအတာတစ် ခုအထိ ဆက်ပြီး ထိန်းသိမ်းထား မှာပေါ့’’ဟု ခိုင်သုခက ပြောသည်။တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ AA က ဖမ်းဆီးထားသည့်အရပ် သားဦးရေ ၁၀၀ ကျော်ရှိသည်ဟု ပြောသည်။

‘‘ဘာလို့ ၁၀၀ ကျော်ရှိလဲ လို့ပြောရင် ဖေဖော်ဝါရီ ၂ ရက် နေ့လောက်က ပလက်ဝမှာရှိတဲ့ ကင်းတလင်းက ကျောင်းသူ၊ ကျောင်းသားတွေ အပါအဝင် ရွာ နှစ်ရွာက အဖွဲ့တွေဖမ်းသွားတာ ၁၀၀ နီးပါးလောက်ရှိတယ်။ အဲဒီကတည်းက အခုထိ ပြန်မလွတ် သေးဘူး။ နှစ်ယောက်ပဲ ထွက် ပြေးလာလို့ လွတ်လာတာရှိတယ်။ပြီးရင် ပလက်ဝ-မီဇိုရမ်လမ်း ဖောက်နေတဲ့ အဖွဲ့ရှစ်ယောက် လောက်ရှိတယ်။ ဒီကြားထဲမှာ ရွာသားတစ်ယောက်စ၊ နှစ်ယောက်စ ဖမ်းသွားတာရှိတယ်’’ ဟု ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောသည်။  ဒေသခံများ စစ်ဘေးရှောင် နိုင်ရန်ဟု AA ဘက်က အကြောင်းပြချက်မျိုးစုံပေးသော်လည်း ပြန် လွတ်လာသူနှစ်ဦးကို မေးမြန်း ချက်အရ အတင်းအဓမ္မခေါ်ယူ ကာ AA ၏စခန်းဆောက်လုပ် သည့်နေရာတွင် အလုပ်ခိုင်းခြင်း၊ ရိက္ခာသယ်ယူခိုင်းခြင်းများ ရှိ ကြောင်း သိရသည်ဟု ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောသည်။

No comments:

Post a Comment