Wednesday, May 29, 2019

အိန္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စင်း ပြန်လည်ထွက်ခွာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အိန္ဒိယ ရေတပ်မှ စစ်ရေယာဉ် INS Saryu နှင့် INS Bangaram တို့သည် မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ ရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။



အဆိုပါ စစ်ရေယာဉ်များတွင် လိုက်ပါလာသည့် အဖွဲ့ခေါင်းဆောင် Commodore Ashutosh Ridhorkar နှင့် အရာရှိ၊ စစ်သည် များသည် မေ ၂၆ ရက်မှ ယနေ့အထိ ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများ သို့ လေ့လာရေးခရီးများ လည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment