Wednesday, May 29, 2019

နေရပ်စွန့်ခွာသူများ ပြန်လာရေး သုံးပွင့်ဆိုင် နားလည်မှု စာချွန်လွှာကို တစ်နှစ်သက်တမ်း တိုးမြှင့်

ရခိုင်ပြည်နယ် မြောက် ပိုင်းမှ နေရပ်စွန့်ခွာသူများ ပြန် လာရေး မြန်မာအစိုးရ၊ UNHCR, UNDP တို့အကြား ချုပ်ဆိုသော သုံးပွင့်ဆိုင်နားလည်မှု စာချွန် လွှာကို ယမန်နေ့က သက်တမ်း တစ်နှစ်တိုးမြှင့်ခဲ့သည်။ နားလည်မှု စာချွန်လွှာသက် တမ်းတစ်နှစ်တိုးမြှင့်ခြင်းကို အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ UNHCR (ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး)၊ UNDP (ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီ အစဉ်)တို့မှ သက်ဆိုင်ရာ ကိုယ်စားလှယ် များက နေပြည်တော်၌ လက်မှတ် ရေးထိုးလဲလှယ်ခြင်းဖြစ်ကြောင်း  UNHCR က မေလ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။



သုံးပွင့်ဆိုင်ရာနားလည်မှု စာချုပ်လွှာကို ၂၀၁၈ ဇွန်လ ၆ ရက်တွင် စတင်လက်မှတ်ရေးထိုးပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံ ခရီး စဉ်အပြီး ရက်ပိုင်းအကြာတွင် စာချုပ်ကို တစ်နှစ်သက်တမ်းတိုးခြင်း ဖြစ်သည်။

ယင်းနားလည်မှုစာချွန်လွှာ သည် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခ သည်များ ၎င်းတို့၏ သဘောဆန္ဒ အလျောက် ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့် ရေရှည်တည် တံ့ခိုင်မြဲသည့် နေရပ်ပြန်သည့် အခြေအနေများ ဖြစ်ပေါ်စေရေး အထောက်အကူပြုရန်ဖြစ်သည်။ ထို့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေထိုင်သည့် လူမှုအသိုက်အ၀န်းများအားလုံး ဖွံ့ဖြိုးတိုးတက်၍ ခံနိုင်ရည်အား ကောင်းသော အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများ ဖန်တီးပေး ရာ၌ ကူညီပံ့ပိုးရန် မြန်မာအစိုးရ နှင့် ကုလအဖွဲ့အစည်းများအ ကြား ပူးပေါင်းဆောင်ရွက်မှု မူ ဘောင်တစ်ရပ်အတွက် လိုအပ်သည့် ခြေလှမ်းသစ်အနေဖြင့် လက်မှတ် ရေးထိုးခြင်းဖြစ် ကြောင်း UNHCR က ထုတ်ပြန် သည်။

No comments:

Post a Comment