Wednesday, May 29, 2019

ဦးဝီရသူကို ဆုံးမရန် မဟနကလည်း ညွှန်ကြားထား

 မေလ ၅ရက်က ရန်ကုန်တွင်ပြုလုပ်သည့် ပုဒ်မ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ဟောပြောခဲ့မှုအတွက် ဦးဝီရသူအား ခေါ်ယူပြီး ဩဝါဒပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန)က ညွှန်ကြားလိုက်သည်။ “ဦးဝီရသူအား နောက်နောင် ထိုကဲ့သို့ လူမှုရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်မှု မပြုရေး ခေါ်ယူဩဝါဒပေးရန်” မဟနက ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ထံ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။



“စစ်သားတွေကို ခင်ဗျားတို့က ဘုရားလိုတောင် ကိုးကွယ်ရမယ်။ အခုက ရန်သူလို မုန်းတီးနေကြတယ်” ဆရာတော် ဦးဝီရသူ ဘယ်အစိုးရဖြစ်ဖြစ် နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် နံပါတ်တစ် အရေးကြီးဟု ဆရာတော် ဦးဝီရသူ မိန့်
ထို့ကြောင့် ယခုလ ၃ဝရက်၊ မွန်းလွဲ ၂နာရီတွင် ရွှေတိဂုံစေတီတော်အနီးရှိ တိုင်းသံဃနာယကအဖွဲ့ရုံးတွင် ပြုလုပ်မည့် ‘ဩဝါဒပေးပွဲ’ အခမ်းအနားသို့ ကြွရောက်ရန် ယခုလ ၂၂ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့၊ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာမိက ဦးဝီရသူထံ အကြောင်းကြားသည်။

မန္တလေးတိုင်း၊ သာသနာရေးဦးစီးဌာနရုံးမှတစ်ဆင့် အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ယင်းအကြောင်းကြားစာကို လာရောက်ပေးပို့ရန် တိုင်းသာသနာရေးဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူးတစ်ဦးမှ ゞင်းထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည့် အသံဖိုင်ကို ဦးဝီရသူက လူမှုကွန်ယက် VK တွင် မေလ ၂၈ရက်၊ ည ၁၁နာရီ အချိန်ခန့်က လွှင့်တင်ထားသည်။

အဆိုပါ အသံဖိုင်အရ တိုင်းသာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လှိုင်က ဦးဝီရသူထံ ဆက်သွယ်ထားခြင်း ဖြစ်ပြီး အောက်ပါအတိုင်း အပြန်အလှန် ပြောဆိုထားသည်ကို တွေ့ရသည်။ ဦးကျော်လှိုင်က “အထူးမဟုတ်ပါဘူးဘုရား။ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံးက ပို့တဲ့စာလေး ဆရာတော့ဆီ လာကပ်ချင်လို့” ဟု ဆိုကာ ဩဝါဒခံယူရန် အကြောင်းကြားစာအကြောင်း ရှင်းပြခဲ့သည်။

ထို့နောက် ဦးဝီရသူက “အဲ့ပွဲမှာ သင်္က္န်းချွတ်ဖို့ အစီအစဉ်ရှိလား” ၊ “သင်္က္န်းချွတ်ပြီး ထောင်ထဲထည့်မလို့လား” ၊ “ကျုပ်တော်တော်ဆိုးပုံရတယ်နော်။ ရန်ကုန်ကို ခေါ်ဆုံးမမှာဆိုတော့” ဟု အစရှိသဖြင့် ညွှန်ကြားရေးမှူးကို ပြန်လည် မေးခွန်းထုတ်ခဲ့သည်။ ထို့ပြင် “ဘုန်းကြီးတွေ တရားစွဲဖို့ကျတော့ သာသနာရေးဌာနကို တရားလိုလုပ်ခိုင်းပြီး သာသနာရေးဌာနကပဲ တရားစွဲတာ တွေ့တယ်။ အဲ့ဒါ ဘာလည်းမသိဘူး။ ကမ္ဘာအေး(မဟနရုံးချုပ်)က ဘုန်းကြီးတွေ တရားစွဲဖို့ ဖွဲ့ထားတာလား” ဟုလည်း ဦးဝီရသူက ဝေဖန်ခဲ့သည်။

No comments:

Post a Comment