Wednesday, May 29, 2019

တပ်မှတရားစွဲခြင်း ခံထားရသော သတင်းထောက်နှင့် တောင်သူများ တရားရုံးသို့ လာရောက်ဖြေရှင်း

မေလ(၁၉)ရက်က Channel Mandalay Facebook page မှ ထုတ်လွှင့်ခဲ့သော "နွားမွေးမြူရေး စီမံကိန်း အကြောင်းပြကာ တောင်သူပိုင် မြေများအား သိမ်းဆည်းနေမှုကို ဆန္ဒထုတ်ဖော်တော့မည်"ဆိုသော သတင်း နှင့်ပတ်သက်၍ Channel Mandalay မှသတင်းထောက် ကိုဝင်းနိုင်ဦး အပါအဝင် တောင်သူ (၇)ဦးကို ဗိုလ်ကြီး ရဲကိုကိုဦးမှ ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခဲ့သည်။



အဆိုပါအမှုကို ရဲတပ်ဖွဲ့မှ စစ်ဆေးချက်ယူရန်ခေါ်ယူထားသောကြောင့် တရားစွဲခံထားရသူများမှ ၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက်၊နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ပြင်စာနယ်မြေရဲစခန်းသို့ လာရောက်တွေ့ဆုံစဉ်။

ခေါ်ယူစစ်ဆေးမှုအပြီး အခြေအနေကို သတင်းထောက်ကိုဝင်နိုင်ဦးအား မဇ္ဈိမမှ ဆက်သွယ်မေးမြန်းရာ "ကျွန်တော့ကို မတရားတဲ့ပုဒ်မနဲ့တရားစွဲတဲ့အတွက် ကျွန်တော် အာမခံမယူဘူး ဆိုပြီးနေတာ။ အာမခံဖို့ နှစ်ယောက်ခေါ်ခဲ့ဆိုတာ ကိုတောင် ကျွန်တော် ခေါ်မသွားဘူး။ ဟိုကြတော့ ကိုယ်တိုင်ခံဝန်နဲ့ လွှတ်ပေးတယ်။ ကျွန်တော် အာမခံ မယူဘူးဆိုတာကို မရဘူး။နာရီဝက်လောက် အတိုက်အခံလုပ်ပြီး မယူဘူးဆိုနေတာ အာမခံ ပေးရတဲ့အမှုမှာ အဲ့လို မယူရင် သူတို့လုပ်ငန်းမှာ အနှောက်အယှက်ဖြစ်တယ်။ ဥပဒေချိုးဖောက်တယ်ဆိုပြီး ရဲက ပြောတယ်။ နောက်ဆုံးမှာ ကိုယ်တိုင်ခံဝန်ထိုးပေးလိုက်တယ်။"လို့ တရားစွဲဆိုခံထားရတဲ့ ကိုဝင်းနိုင်ဦးက ပြောပါတယ်။

No comments:

Post a Comment