Wednesday, May 29, 2019

အများပြည်သူ ဝန်ဆောင်မှုများ

အများပြည်သူကဏ္ဍမှတစ်ဆင့် တိုက်ရိုက်ဖြစ်စေ၊ ဘဏ္ဍာငွေကြီးကြပ်ထောက်ပံ့ခြင်းဖြင့် သွယ်ဝိုက်၍ဖြစ်စေ မိမိ၏စီရင်ပိုင်ခွင့်နယ်မြေအတွင်း နေထိုင်ကြသူများကို အစိုးရက ထောက်ပံ့ပေးရသော ဝန်ဆောင်မှုများကို အများပြည်သူ ဝန်ဆောင်မှုများဟုခေါ်သည်။ ယင်းစကားရပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများတစ်လျှောက် ဖော်ပြခဲ့ကြသည့် လူမှုရေးကတိကဝတ်များနှင့် ပတ်သက်နေပြီး ဝင်ငွေ၊ ရုပ်ပိုင်းဆိုင်ရာစွမ်းရည် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်တို့နှင့် မပတ်သက်ဘဲ အားလုံးရနိုင်သည့် ဝန်ဆောင်မှုများဖြစ်ကြသည်။
အများပြည်သူ ဝန်ဆောင်မှုများကို လူသိရှင်ကြား ထောက်ပံ့ခြင်း သို့မဟုတ် လူသိရှင်ကြား ရန်ပုံငွေထုတ်ပေးခြင်း မရှိသည့်နေရာ၌ပင် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အကြောင်းတရားများအတွက် ၎င်းတို့သည် စီးပွားရေးကဏ္ဍအများစု ကျင့်သုံးရသည့် စဉ်းမျဉ်းစည်းကမ်းများကို ကျော်လွန်သည်။ အများပြည်သူဆိုင်ရာ မူဝါဒများချမှတ်သည့် အခါ အများပြည်သူ၏ အကျိုးစီးပွားကို အခြေခံရပြီး အများပြည်သူဆိုင်ရာဝန်ဆောင်မှုများကို ထောက်ပံ့ရန် စေ့ဆော်မှုပြုလုပ်ရသည်။

အများပြည်သူ ဝန်ဆောင်မှုများသည် လူသားအားလုံး ရေအရင်းအမြစ်ရပိုင်ခွင့်ကဲ့သို့ သော အခြေခံလူ့အခွင့်အရေးများနှင့် ပတ်သက်နေသည်။ စေတနာ့ဝန်ထမ်း မီးသတ်ဌာနနှင့် အရေးပေါ်လူနာတင်ယာဉ်အဖွဲ့တို့သည်လည်း လူ့အသိုင်းအဝိုင်းအတွက် ဝန်ဆောင်မှုပြုရသော အင်စတီကျူးရှင်းများ ဖြစ်ကြသည်။ ဝန်ဆောင်မှုဟူသည် သက်ဆိုင်ရာလိုအပ်ချက် သို့မဟုတ် လိုလားချက်အတွက် အခြားသူများကို ကူညီခြင်းဖြစ်သည်။ ခေတ်သစ်နိုင်ငံများ၌ အများပြည်သူဝန်ဆောင်မှု၌ ပါဝင်သည့်အရာများမှာ တရားရုံးများ၊ လျှပ်စစ်၊ ပညာရေး၊ အရေးပေါ်ဝန်ဆောင်မှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေးစောင့် ရှောက်မှု၊ စစ်တပ်၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ ပြည်သူ့အဆောက်အအုံများ၊ လူမှုရေးဌာနများ၊ တယ်လီဖုန်းဆက်သွယ်ရေးများ၊ မြို့ပြစီမံကိန်းများ၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ၊ အညစ်အကြေးနှင့် အမှိုက်သရိုက်စီမံခန့်ခွဲမှု၊ ရေအရင်းအမြစ် ထောက်ပံ့ရေးကွန်ရက် အစရှိသည်တို့ဖြစ်ကြသည်။

ခေတ်သစ်ဒီမိုကရေစီနိုင်ငံများတွင် အများပြည်သူ ဝန်ဆောင်မှုများကို ရွေးကောက်တင်မြှောက်ခံပုဂ္ဂိုလ်များက ငှားရမ်းခန့်ထားသော အစိုးရဝန်ထမ်းများဟုခေါ်ဆိုသည့် ဝန်ထမ်းများက ဆောင်ရွက်ရသည်။ အစိုးရဝန်ဆောင်မှုကဏ္ဍများသည် အကျိုးအမြတ်ကို အဓိကမထားရသကဲ့သို့ ၎င်းတို့ဝန်ထမ်းများကိုလည်း (ပုဂ္ဂလိကကုမ္ပဏီများနှင့်မတူဘဲ) ကွဲပြားခြားနားစွာ စေ့ဆော်မှုပေးရသည်။ အစိုးရဝန်ထမ်းများသည် လုပ်ခလစာနည်းပါးတတ်သောကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် အခြားဘက်က အကျိုးအမြတ်များ ပေးကာ ထိန်းညှိရသည်။ အစိုးရဝန်ထမ်းများ၌ အလုပ်အကိုင်လုံခြုံမှုအခွင့်အလမ်း ပိုမိုမြင့်မားခြင်းကဲ့သို့သော အကျိုးအမြတ်များလည်း ရှိသည်။

အများပြည်သူဝန်ဆောင်မှုများသည် တစ်ခါတရံတွင် ပြည်သူတို့၏ ကောင်းကျိုးသက်သက်ကို ရှေးရှုရသည့်သဘော (အပြိုင်အဆိုင်မရှိ၊ ဖယ်ထုတ်၍မရ) ရှိသော်လည်း ဝန်ဆောင်မှုအများစုသည် (လွှမ်းမိုးကြီးစိုးသော လူမှုရေးစံနှုန်းများအရ) ဈေးကွက်ထောက်ပံ့ မှု၏ အောက်၌လည်း ရှိနိုင်သည်။ များသောအားဖြင့် အများပြည်သူ ဝန်ဆောင်မှုများသည် ဝန်ဆောင်မှုများသာဖြစ်ပြီး ထုတ်လုပ်ရေးကဏ္ဍ မပါဝင်ပေ။ ထုတ်လုပ်ရေးကဏ္ဍ၌ အစိုးရ ဝင်ပါသည့်အခါ လက်ဝါးကြီးအုပ်မှုများကို ဖြစ်စေနိုင်သည်။ အများပြည်သူ ဝန်ဆောင်မှုကဏ္ဍများ၌ အရည်အသွေးလိုအပ်ချက်ကလည်း ရှိနေပြီး အဆင့်မြင့်သင်တန်းများနှင့် ပညာရေးတို့ ပေးရန်လည်း လိုအပ်သည်။ အစိုးရဝန်ထမ်းများဖြစ်လာရန်အတွက် စိတ်ဓာတ်ဖြင့် ဆွဲဆောင်ရပြီး မိမိ၏အလုပ်ဖြင့် မိမိ၏ လူ့အဖွဲ့အစည်းကို ပိုမိုကျယ်ပြန့်စွာ အကျိုးပြုလိုစိတ်က အရေးပါသည်။

မည်သို့ပင်ဆိုစေ၊ ကောင်းသောအုပ်ချုပ်ရေး ဖြစ်မဖြစ် တိုင်းတာရာ၌ အများပြည်သူဝန်ဆောင်မှုများ၏ အရည်အသွေးသည် အဓိကအချက်တစ်ချက်အဖြစ် ပါဝင်ပါကြောင်း

No comments:

Post a Comment