Wednesday, May 29, 2019

ဂျပန်တွင် ဓားဖြင့်လိုက်ထိုးသည့် ရှားရှားပါးပါးတိုက်ခိုက်မှုကြောင့် ကျူးလွန်သူအပါအဝင် သုံးဦးသေဆုံးကာ ကျောင်းသားအများစုဒဏ်ရာရ

မေ၂၈ ရက်တွင် တိုကျိုမြို့အပြင်ဘက်၌ ကလေးအများအပြားအပါအဝင် လူတစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့သော ဓားကိုင်ရမ်းကားမှုတွင် ဓားကိုင်ထားသောတိုက်ခိုက်သူက ကိုယ့်ကိုယ်ကိုယ်ဓားဖြင့်ပြန် ထိုးမသတ်မီ ၁၂ နှစ်အရွယ် ကျောင်းသူနှင့်အမျိုးသားတစ်ဦးတို့ကို သတ်ခဲ့သည်ဟု ဆိုသည်။ တိုကျိုတောင်ဘက်ရှိ  ကာဝါဆာကီမြို့တွင် လူအစုလိုက်အပြုံလိုက် ဓားထိုးခံရခြင်းသည် ဖွံ့ဖြိုးပြီးကမ္ဘာ၌ အကြမ်းဖက်ရာဇဝတ်မှု အနိမ့်ဆုံးနိုင်ငံတွင် ရှားရှားပါးပါးတိုက် ခိုက်မှုတစ်ခုဖြစ်ခဲ့ပြီး သံသယရှိသူ၏ ရည်ရွယ်ချက်ကို လတ်တလောအသေးစိတ် မသိရသေးပေ။



အသက် ၁၂ နှစ်အရွယ်ကျောင်းသူနှင့် အသက် ၃၉ နှစ်ရှိအမျိုးသားတို့သည် ရရှိခဲ့သောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်ဟု နစ်ပွန်ဆေးဘက်ဆိုင်ရာကျောင်း၏ မူဆာရှီကိုဆူဂီဆေးရုံ ဒုတိယဝန်ကြားရေးမှူး  ကီယိုရှီမတ်ဆူဒါက သတင်းထောက်များကို ပြောကြားခဲ့သည်။ အသက် ၅၀ အရွယ်ကျော် ရှိ  သံသယဖြစ်စရာအမျိုးသားသည် ဓားဖြင့် ကိုယ့်ကိုယ်ကိုယ်ပြန်ထိုးခဲ့ပြီးနောက် ရရှိခဲ့သောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်ဟု ဒေသခံမီဒီယာကဖော်ပြခဲ့သည်။ တိုက်ခိုက်မှုတွင် လူ ၁၆  ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု အရေးပေါ်လူနာတင်ယာဉ်ဌာနက ပြောကြားခဲ့သည်။ “ဒါဟာ အလွန်ခံစားရတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဒေါသလည်း ထွက်ပါတယ်။ တိုက်ခိုက်ခံရသူတွေအတွက် ဝမ်းနည်းကြောင်း ပြောလိုပါတယ်။ ဒဏ်ရာရသူတွေ မြန်မြန်ပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်”ဟု ဂျပန်ဝန်ကြီးချုပ်ရှင် ဇိုအာဘေးက ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ကလေးများ စောင့်ဆိုင်းနေသော ဘတ်စ်ကားမှတ်တိုင်အနီးတွင် သက်လတ်ပိုင်း အရွယ်အမျိုးသားတစ်ဦးက ဓားကိုင်လျက် “မင်း တို့ကိုငါသတ်မယ်” ဟုအော်ပြောနေသည်ကို မျက်မြင်တွေ့ရှိသူများက မြင်တွေ့ခဲ့ရ သည်ဟု ဒေသခံမီဒီယာက ဖော်ပြခဲ့ကြသည်။ ဆူဆူညံညံအော်သံများကို ကြားရပြီးနောက် အိမ်အပြင်ကို ထွက်ကြည့်ခဲ့သည်ဟု အခင်းဖြစ်ပွားရာအနီးတွင်နေထိုင် သူအသက်၂၅ နှစ်ရှိ မတ်ဆူမိုတိုဆိုသည့် ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment