Wednesday, May 29, 2019

ငွေစုစာအုပ်မှ ကျပ်သိန်းငါးရာကျော်ကို ပိုင်ရှင်မသိဘဲ ထုတ်ယူခြင်းနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်ရုံးချုပ် စစ်ဆေးနေဟုဆို

မုံရွာမြို့ ဆူးလေကုန်းရပ် ကွက် ကမ္ဘောဇဘဏ် (၁)ရှိ ငွေစုစာအုပ်အတွင်းမှ ငွေကျပ်သိန်းငါး ရာကျော်ကို ပိုင်ရှင်မသိဘဲ ထုတ်ယူခြင်းနှင့်ပတ်သက်၍ ကမ္ဘောဇ ဘဏ် ရုံးချုပ်က စစ်ဆေးနေဆဲဖြစ် ကြောင်း အဆိုပါဘဏ်မန်နေဂျာဒေါ်ကြူကြူလွင်က ပြောသည်။ ‘‘အဲဒီကိစ္စ လက်ရှိမှာ ရုံးချုပ်က စစ်ဆေးတာတွေ ရှိပါတယ်။ မုံရွာဘဏ်ခွဲ(၁) စာအုပ်ကို မန္တလေးဘဏ်ခွဲ (၄၂)ကနေ ဖြစ်သွားတဲ့ကိစ္စပါ’’ဟု ဒေါ်ကြူကြူလွင်က ပြောသည်။  ဘဏ်ငွေစု စာအုပ်အတွင်း ငွေများကို ပိုင်ရှင်မသိဘဲ ငွေထုတ်ယူခြင်းနှင့် ပတ်သက်၍ ငွေစု စာအုပ်ပိုင်ရှင် ဦးကိုဦးက သတင်းစာရှင်းလင်းပွဲကို မေလ၂၇ ရက်တွင် မုံရွာမြို့  ချင်းတွင်းအင်စတီကျုဒ်ရုံး၌ ကျင်းပခဲ့သည်။



မုံရွာမြို့ ကမ္ဘောဇဘဏ်(၁) ငွေစုစာအုပ်အတွင်းသို့ ၂၀၁၇ စက်တင်ဘာ ၂၇ ရက်က ကျပ်သိန်းနှစ်ရာဖြင့် စတင်ထည့်သွင်းခဲ့ကြောင်း၊ ထို့နောက် ငွေစုစာအုပ် တွင် ငွေများထပ်မံသွင်းပြီး အတိုးနှုန်း အပါအ၀င် စုစုပေါင်း သိန်း၉၀၀ ကျော်ရှိကြောင်း ပုလဲမြို့နယ်မုံသွင်ကျေးရွာတွင် တောင်သူလုပ်ငန်းနှင့် ဆန်စက်လုပ်ငန်း လုပ်ကိုင်သူ ဦးကိုဦးက ပြောသည်။

အဆိုပါ ဘဏ်ငွေစု စာအုပ်အတွင်းမှ ကျပ်သိန်းငါးရာကျော် ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်၍ မုံရွာမြို့ ကမ္ဘောဇဘဏ်(၁) မန်နေဂျာကို အရေးယူပေးရန် မုံရွာမြို့ မြို့မရဲစခန်းတွင် ရာဇသတ် ကြီးဥပဒေပုဒ်မ ၄၀၆ အလွဲသုံးစားမှုဖြင့် မေလ ၂၀ ရက်က အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ၎င်းက ဆိုသည်။ ‘‘ကျွန်တော့်စာအုပ်ထဲ ထုတ်တာလည်း မရှိဘဲ ဘယ်လိုလုပ်တာ လဲမေးတော့ မန္တလေးကမ္ဘောဇ ဘဏ် (၄၂)ဘဏ်ခွဲမှာ ယာဉ်မောင်းလိုင်စင်ပြပြီး ထုတ်သွား တာပါလို့ ပြောတယ်။ ဒီစာအုပ်က ATM လည်း လုပ်မထားဘူး။ ဒီ စာအုပ်မှာလည်း ထုတ်ထားတာ မရှိဘူး။ အဲဒီငွေတွေ ကျွန်တော် ပြန်ထုတ်ချင်တယ်ဆိုတော့ သူတို့က ရက်ဆိုင်းပါဦးဆိုပြီး အခုတစ်လကျော်သွားပြီ။ သူတို့က ရုံးချုပ်ကို တင်ပြပေး ပါ့မယ်ဆိုပြီး အခုအချိန်အထိ ဘာမှလုပ်မပေးဘူး။ အဲဒါကြောင့် မုံရွာ အမှတ်(၁) ရဲစခန်းကိုလည်း အကြောင်းကြားခဲ့ တယ်’’ဟု ဦးကိုဦးက ပြောသည်။

No comments:

Post a Comment