Wednesday, May 29, 2019

အမြန်လမ်းမိုင်တိုင် ၁၅၂/၃ ရဲကင်းမှ ရဲတပ်သားကို ဓားဖြင့်ခုတ်သတ်ပြီး ဆိုင်ကယ်နှင့်ဖုန်း လုယူမှုဖြစ်

အမြန်လမ်းမိုင်တိုင် ၁၅၂ / ၃ မိုင်အနီးရှိ ရဲကင်းတစ်ခုတွင် တာဝန်ကျနေ့သည့် ရဲတပ်သားကို ဓားနှင့်ခုတ်သတ်ပြီး ဆိုင်ကယ်နှင့်ဖုန်းလုယက်မှု ယနေ့(မေလ ၂၉ ရက်) မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ဖြစ်စဉ်မှန်ပါတယ်၊ လောလောဆယ်တော့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်၊ အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး”ဟု ဇီးပင်သာအမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။ ဆိုင်ကယ်နှင့်ဖုန်းလုယက်ခံရသည့်သူမှာ ရဲတပ်သားအောင်စိုးဝေ ဆိုသူဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ယနေ့မနက် ၇ နာရီက တောင်ငူဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

No comments:

Post a Comment