Wednesday, May 29, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီရဲ့ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်မယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ပါတယ်။ မြန်မာသမ္မတဟာ နရန်ဒရာမိုဒီရဲ့ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။



ဝန်ကြီးချုပ် မိုဒီရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မေလ ၃၀ ရက်နေ့ နယူးဒေလီမြို့မှာ ကျင်းပမှာဖြစ်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံတွေက သမ္မတတွေ၊ နီပေါနဲ့ ဘူတန်နိုင်ငံက ၀န်ကြီးချုပ်တွေ အပါအ၀င် နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာနကလည်း အတည်ပြု သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပပြီးစီးသွားတဲ့ အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် မိုဒီရဲ့ ဟိန္ဒူအမျိုးသားဝါဒီ (ဘီဂျေပီ) ပါတီက မဲအပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment