Wednesday, May 29, 2019

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မြေဧက ၇၀၀ ခန့် ဖရဲသီးနှင့် သခွားမွှေးသီးများ စိုက်ပျိုးမည်

GAP (ကောင်းမွန်သောကျင့်စဉ်) စနစ်အသုံးပြု၍ လာမည့် ဖရဲ၊ သခွားရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြေဧက ၇၀၀ ခန့် ဖရဲသီးနှင့် သခွားမွှေးသီးများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူ များ အသင်းမှ သိရသည်။ အဆိုပါ အသင်းနှင့် တောင်သူများပူးပေါင်း၍ အသင်းပိုင်မြေ၊ တောင်သူများပိုင် မြေများအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဌာနမှ မြေဧက ၃၀၀ ခန့် လျောက်ထား၍ ဖရဲစိုက်ဧက ၄၀၀ နှင့် သခွားမွှေးစိုက်ဧက ၃၀၀ ခန့်ကို လာမည့် စက် တင်ဘာလတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။



“ဖရဲသီးက ဧက ၄၀၀၊ သခွားမွှေးသီးက ဧက ၃၀၀ လောက်စိုက်ဖို့တော့ စီစဉ်ထားတယ်။ ဒီနှစ် ဖရဲရာသီမှာ စိုက်သွားမှာ။ စက် တင်ဘာလလောက် စိုက်ဖြစ်မယ်ထင်တယ်။ တောင်သူတွေ GAP စနစ်အသုံးပြုတတ်အောင် သင်တန်းတွေ ပို့ချပေးသွားမှာပါ။ မြေကတော့ တောင်သူတွေရဲ့ မြေလည်းသုံးမယ်။ အစိုးရမြေလည်း လျောက်ဖို့လုပ်ထားတယ်”ဟု မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အကုန်သိ သတင်းဌာနသို့ ပြောသည်။

ယခင်က စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၊ မကွေးတိုင်းနှင့် နေပြည်တော် တပ်ကုန်းမြို့နယ်မှ တောင်သူတစ်ဦးစီ၊ စုစု ပေါင်း ၃ ဦးမှ GAP နည်းစနစ်ဖြင့် ဖရဲသီးနှင့် သခွားမွှေးသီးများ စိုက်ပျိုးခဲ့ပြီး လက်ရှိတွင် GAP လက်မှတ်ရရှိထားပြီးဖြစ်ကြောင်း ၄င်းက ဆိုသည်။

“အရင်က GAP စနစ်နဲ့ စိုက်တာကို ဧက ၂၀ လောက် ပြည်ပပို့ဖူးတယ်။ အခုလည်း တစ်ချို့တောင် သူတွေအတွက် GAP လက် မှတ်ရအောင် လုပ်နေတာတွေ ရှိပါတယ်”ဟု ဦးနိုင်ဝင်းကပြောသည်။
မြန်မာနိုင်ငံတွင် ဖရဲသီးနှင့် သခွားမွှေးကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရှမ်းပြည် နယ်တို့၌ အများဆုံးစိုက်ပျိုးကြသည်။

ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသော ဖရဲသီးနှင့် သခွားမွှေး ၈၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရောင်းချနေပြီး အခြားနိုင်ငံများ ဖြစ်သည့် ဟောင်ကောင်၊ မလေးရှား၊ စင်္ကာပူ နိုင်ငံများသို့လည်း အနည်းငယ် တင်ပို့ရောင်းချလျက်ရှိကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။

No comments:

Post a Comment