Wednesday, May 29, 2019

လာအိုနိုင်ငံ ရွှေတြိဂံနယ်မြေမှာ မြန်မာရွေ့ပြောင်း အလုပ်သမား မိန်းကလေးခုနှစ်ဦး အစာအဆိပ်သင့်ကာ တစ်ဦးသေဆုံး

လာအိုနိုင်ငံ တုံဖိန်မြို့နယ် မိန်းမောဆိပ်ကမ်းအနီး ရွှေတြိဂံနယ်မြေ အထူးစီးပွားရေးဇုန်၊ တရုတ်တန်းဈေးမှာ မေလ၊ ၂၇ရက်နေ့ ညပိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမား မိန်းကလေးခုနစ်ဦး အစာအဆိပ်သင့်ကာ တစ်ဦးသေဆုံးပြီးခြောက်ဦးကို ထိုင်းနိုင်ငံ ချင်းရိုင်ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။



“ညပိုင်းအလုပ်ဆင်းတဲ့ မိန်းကလေးအဖွဲ့က စားသောက်ဆိုင်မှာ မှိုနဲ့ ဖရဲသီး စားပြီး အစာအဆိပ်သင့်သွား တာပါ။ခြောက်ဦး ကိုတော့ ဖြစ်ဖြစ်ချင်းသိလို့ ထိုင်းနိုင်ငံဆေးရုံကို အချိန်မီပို့လိုက်ပြီး လက်ရှိမှာ တော့ ဆေးကုသနေတုန်းပါ။တစ်ဦးကတော့ ဘာမှမဖြစ်သလိုနေရင်း ဆေးရုံပို့ဖို့နောက်ကျသွားလို့ သေဆုံးခဲ့ရတယ်လို့” မြန်မာရွေ့ပြောင်း အလုပ်သမားတစ်ဦးကပြောပါတယ်။

အဲ့ဒီမိန်းကလေးတွေဟာ အသက် ( ၂၀ မှ ၂၅ နှစ်) အတွင်းရှိပြီး ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်မှ လာအိုနိုင်ငံ တုံဖိန်မြို့နယ် ရခိုင်ရွာကို လာရောက်ကြသူတွေဖြစ်ပြီး ရွှေတြိဂံနယ်မြေ အထူးစီးပွားရေးဇုန် တရုတ်တန်းဈေးမှာ ညပိုင်းအလုပ်ဆင်းတဲ့ ရွေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး ညစာထမင်းစားချိန်မှာ မှိုနဲ့ ဖရဲသီးတွေပါဝင်တဲ့ အစားအစာတွေကိုစားသုံးမိခဲ့ရာမှာ အခုလို အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

No comments:

Post a Comment