Wednesday, May 29, 2019

ဒလနှင့် ဆိပ်ကြီးခနောင်တို တံတားထိုးရန် အစီအစဉ်ရှိ၊ မရှိ လွှတ်တော်တွင် မေးမြန်း

ဆိပ်ကြီးခနောင် တိုမြို့နယ်ရှိ ပြည်သူများ သွားလာရေး အဆင်ပြေစေရန် တွံတေးတူးမြောင်းကို ဖြတ်ကာ ဒလနှင့်ဆိပ်ကြီးခနောင်တိုသို့ တံတားတစ်စင်းထိုးပေးရန် ဆိပ်ကြီး ခနောင်တိုမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးတင်ထွန်း နိုင်က တောင်းဆိုသည်။ မေလ ၂၇ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ၎င်းက တံတားထိုးပေးရန် အစီ အစဉ်ရှိ၊ မရှိ၊ မေးမြန်းစဉ် ထိုသို့ တောင်းဆိုခြင်းဖြစ်သည်။

 ဆိပ်ကြီးခနောင်တိုမြို့နယ် သည် ရန်ကုန်မြို့ စည်ပင်သာယာ နယ်မြေရှိ မြို့တစ်မြို့ဖြစ်သော် လည်း ဆိပ်ကြီးခနောင်တိုမြို့သူ၊ မြို့သားများသည် ရန်ကုန်သို့ လာ မည်ဆိုပါက ကုန်းတစ်တန်၊ ရေ တစ်တန်ဖြင့် ခက်ခက်ခဲခဲ လာ ရောက်ရကြောင်း ၎င်းက ပြောသည်။ ရေလမ်းခရီးကိုသာ အား ကိုးအားထားပြုနေရပြီး လမ်းခရီး ခက်ခဲခြင်းကြောင့် အစစအရာရာ ဖွံ့ဖြိုးမှု နောက်ကျနေရကြောင်း ဦးတင်ထွန်းနိုင်က ဆိုသည်။

‘‘လှမ်းအော်ရင်တောင် ကြား နိုင်တဲ့ အကွာအဝေးကို နီးလျက်နဲ့ဝေးနေပါတယ်။ မဖြစ်မနေလိုအပ် နေတဲ့ တံတားတစ်စင်းပါ’’ဟု ဆို သည်။ ထို့အပြင် ဆိပ်ကြီးခနောင် တိုမှ ပြည်သူများသည် ရေလမ်းခရီးကို အသုံးပြုပြီး စက်တပ်သမ္ဗန် များဖြင့် ရန်ကုန်ဘက်သို့ အလုပ် သွားအလုပ်ပြန်သွားလာနေရသ ဖြင့် ဘေးကင်းမှု အားနည်းလှပြီး မိုးရာသီတွင် ပိုဆိုးကြောင်း ဦးတင်ထွန်းနိုင်က ထောက်ပြသည်။ ဆိပ်ကြီးခနောင်တိုပြည်သူများ နာမကျန်းသဖြင့် ဆေးကုသမှုခံယူရန် ရန်ကုန်ဘက်သို့ လာသည့်အခါတွင်လည်း လမ်းခရီးကြမ်းသဖြင့် အချိန်မီရောက်ရှိခြင်းမရှိဘဲ ဆုံးရှုံး မှုများရှိကြောင်း ၎င်းက ဆိုသည်။

‘‘ရန်ကုန်ဆေးရုံဟာ မြေပုံထဲမှာ မဝေးပေမယ့် မဖြစ်သင့်တဲ့ ဖိတ်စဉ်တွေ မကြာခဏဖြစ်တတ် ပါတယ်’’ ဟု ပြောသည်။ ထိုအခက် အခဲများကြောင့် ရန်ကုန်ဘက်နှင့် အဆက်အသွယ်ပြုလုပ်နိုင်မည့် တံတားတစ်စင်းထိုးပေးရန် လို အပ်ကြောင်း ဦးတင်ထွန်းနိုင်က ပြောသည်။

လက်ရှိတွင် ရန်ကုန်-ဒလ တံတားထိုးနေပြီဖြစ်၍ ဆိပ်ကြီး ခနောင်တိုမှ ဒလဘက်သို့ တံတား ထိုးလျှင် အဆင်ပြေနိုင်ကြောင်း ၎င်းက ဆိုသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာ နက လတ်တလောတွင် တံတား ထိုးရန် အစီအစဉ်မရှိသေးဘဲ လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် ဖြစ်မြောက်နိုင်စွမ်းလေ့ လာဆန်းစစ်မည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

No comments:

Post a Comment