Wednesday, May 29, 2019

မြန်မာ့ဘောလုံးသမားများကို ကိုရီးယားလိဂ်သို့ခေါ်ယူရန် စောင့်ကြည့်သွားမည်ဟုဆို

မြန်မာ့ဘောလုံးကစားသမားများကို ကိုရီးယားလိဂ်သို့ခေါ်ယူရန် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း K- League မှ ပိုဟန်စတီးလားအသင်းနည်းပြချုပ် မစ္စတာ Kim-Gi- Dong က ပြောသည်။ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်(KFA)မှ ယခုနှစ်တွင် K-Leagu e တွင် ကလပ်အသင်းတစ်သင်းလျှင် အာဆီယံကစားသမားတစ်ဦးခေါ်ယူရမည်ဟု စည်းမျဉ်းသစ်တစ်ရပ်ကိုချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။



“ လက်ရှိမှာ မြန်မာကစားသမားတွေက ခြေစွမ်းပိုင်းတွေကောင်းမွန်လာတာတွေရှိပါတယ်။ ဒါပေမဲ့ လက်တလောကတော့ အကောင်းဆုံးကစားသမားတချို့တောင် အာဆီယံလိဂ်တွေမှာပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာကိုလည်း တွေ့နေရတယ်။ ကျွန်တော်တို့လိဂ်ရဲ့စည်းမျဉ်းအသစ်ကြောင့် မြန်မာကစားသမားတွေကိုလည်း ကျွန်တော့်အနေနဲ့စောင့်ကြည့်သွားမှာပါ” ဟု ပိုဟန်စတီးလားအသင်းနည်းပြချုပ် မစ္စတာ Kim-Gi- Dong က ပြောသည်။

ပိုဟန်စတီးလားအသင်းသည် လက်ရှိ K- League တွင် အဆင့်(၆)နေရာ၌ ရပ်တည်နေပြီး မြန်မာအသင်းနှစ်သင်းဖြစ်သော မြန်မာယူ- ၂၂ အမျိုးသားဘောလုံးအသင်း၊ ဧရာဝတီယူနိုက်တက် အသင်းတို့နှင့် ချစ်ကြည်ရေးခြေစမ်းပွဲကစားရန်ရှိကြောင်းလည်း သိရသည်။
အဆိုပါနှစ်သင်းနှင့်ယှဉ်ပြိုင်မည့်လူစာရင်းတွင် အသင်း၏အသက်(၂၃)နှစ်အောက် ကစားသမားများကိုသာ ခေါ်ဆောင်လာကြောင်းလည်း သိရသည်။

No comments:

Post a Comment