Wednesday, May 29, 2019

ဆရာဝန်မလေးဟာ ကျန်းမာရေးမကောင်းတဲ့သူတစ်ယောက်ဖြစ်နိုင်ကြောင်း ဆရာဝန်တစ်ဦးပြောပြီ

မပါချင်လည်း ပါရပြန်ပြီ။ကလေးမကို သနားလို့ပါ။အခုဆိုသူသည် စိတ်ကျန်းမာရေးအားနည်းလာပြီဆိုတာ သိသာမြင်သာ ထင် ရှားလာနေပြီမဟုတ်လား၊ပထမအဆင့်အနေနဲ့ အဲ့ဒါကိုအရင်လက်ခံပေးကြပါ။အခြေခံအကြောင်းတရားတွေတော့ ရှိမှာပေါ့၊ မည်သည့်အခြေခံအကြောင်းတရားပင်ဖြစ်စေ အကျိုးတရားတွေကတော့ မြင်နေရပြီလေ။ တစ်လောကလုံးနဲ့ တစ်ယောက်ဆိုကတည်းက ရှင်းနေပြီ။သူ့ကို လူနာတစ်ယောက်အဖြစ်လက်ခံပေးကြပါ။ ကျန်းမာခြင်း (Health) ဆိုတဲ့စကားရပ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုကြည့်ပါ။“A state of complete physical, mental and social well-being and not merely an absence of disease or infirmity.” တဲ့ရှင်းတယ်နော်၊



သူ့ မှာ mental နဲ့ social well-being မရှိဘူး၊ သိသာတယ်၊ အဲ့ဒီတော့ သူသည်လူမမာတစ်ယောက်ဖြစ်တယ်။အခု social media မှာ ဖြစ်ပျက်နေတာက ရေနစ်တဲ့သူကို ဝါးကူလို့ထိုးနေတဲ့သဘောမျိုး ဖြစ်နေတယ်။ အရောက်ပို့နေကြတယ်။ ဒါ cyber bullying လုပ်နေကြတာ ဖြစ်နေတယ်။

အစပိုင်းမှာတော့ သာမန်လိုပဲ၊ အလှကုန်ကိစ္စဖြစ်တဲ့အချိန်လောက်ကိုပြောတာ၊ နောက်တော့ တဖြည်းဖြည်းသိသာလာတယ်၊ အခုကတော့ အဆိုးဆုံးအခြေအနေပေါ့။ဘေးပတ်ဝန်းကျင် တစိမ်းလူတွေဒါကိုမသိဘူး၊ သတိမထားမိဘူးဆိုတာက လက်ခံလို့ရပါတယ်၊

ဒါပေမဲ့ ဒီအချိန်မှာသိတဲ့သူတွေကဝိုင်းထိန်းသင့်ပြီလေ၊ သူ့ကို bully လုပ်နေတာမျိုး ဆက်မလုပ်ကြဖို့တစ်တပ်တစ်အား တားသင့်ပြီ။အထူးသဖြင့် သူကိုယ်တိုင် ကျန်းမာရေးပညာရှင်ဖြစ်နေတဲ့အပြင် ကျန်းမာရေးဝန်ထမ်းလည်း ဖြစ်နေတယ်။

အဲ့ဒီတော့ သူ့ရဲ့မိခင်ဝန်ကြီးဌာနအနေနဲ့ ဒီအချိန်မှာ ဝင်ရောက်ထိန်းသိမ်းသင့်တယ်။သူ့မှာ suicidal tendency ရှိနေပြီဆိုတာလည်း ရှင်းနေတယ်၊ ဒီအချိန်မှာ intervention တစ်ခုခုမလုပ်ရင်ပျက်ကွက်သူတွေမှာပါ တာဝန်ရှိလာမယ်။

ကာကွယ်တားဆီးနိုင်လျက်နဲ့ လူတစ်ယောက်ရဲ့ အသက်နဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်မှုမပေးနိုင်ရင် မိခင်ဌာနဖြစ်တဲ့ ကျန်းမာရေးဌာန နှပ်ပစ်ခံရမည့် အခြေအနေပဲ။အကြံပြုရရင်တော့ သူ့ကို ရက်ရှည်အနားပေးရမယ်၊

တာဝန်ရှိ လူကြီးတစ်ဦးဦး (DG/PS) ကခေါ်ယူ/သွားရောက်တွေ့ဆုံနှစ်သိမ့်ဖြောင်းဖြခြင်း လုပ်သင့်တယ်၊ psychiatric counselling/ treatment မဖြစ်မနေယူစေသင့်တယ်၊နယ်မှာရှိတဲ့ သူ့မိဘတွေကိုဆက်သွယ်ခေါ်ယူပြီး family counselling လုပ်သင့်တယ်။

မိခင်ဌာနအနေနဲ့ ယခုဖြစ်နေတဲ့ ရဲမှုခင်းကိုလည်း ဝင်ရောက်ကိုင်တွယ်သင့်တယ်၊ ကြားဝင်ညှိနှိုင်းဖြေရှင်းပြီး နှစ်ဖက်စလုံးက အမှုပြန်လည်ရုပ်သိမ်းစေသင့်တယ်၊ တစ်ဖက်က ဌာနဆိုင်ရာဖြစ်တဲ့အတွက် မိခင်ဌာနအနေနဲ့ဝင်ရောက်ညှိနှိုင်းဆောင်ရွက်စေလိုတာပါ။

စိတ် ကျန်းမာရေးဆရာဝန်တစ်ဦးဦးနဲ့ တိုင်ပင်တွေ့ဆုံလိုက်ရင် ရောဂါအမည်တပ်နိုင်မှာပဲလေ။ဒါဆိုရင်သူသည် စိတ်ကျန်းမာရေးချို့တဲ့နေသူ လူနာလို့သတ်မှတ်နိုင်မယ်။ဒါဆိုရင် အခုအပြန်အလှန်ဖွင့်ထားတဲ့ အမှုတွေသည် အလကားပဲ၊ မည်သူမှားသည် မှန်သည်ဖြစ်စေတရားစီရင်ရေးက အပြစ်ပေးဖို့ခက်သွားပြီ။

သူ ကြို တင်စွပ်စွဲထားသလို သူနိုင်မှတရားတယ်ဆိုတာမျိုးလည်း ဖြစ်ဖို့မလိုတော့ဘူး၊ ဖြစ်သင့်တာက နှစ်ဖက်အမှုတွေကို ရုပ်သိမ်းလိုက်ကြဖို့ပဲ။ဒီအမှုကို ဆက်စစ်နေလည်း ကလေးမကို အပြစ်ပေးလို့မရတဲ့ ပြစ်မှုဆိုင်ရာဥပဒေ ပြဌာန်းချက်တစ်ခု ထုတ်ပြမယ်။

Act of a person of unsound mind.84. Nothing is an offence which is done by a person who, at the time of doing it, by reason of unsoundness of mind, is incapable of knowing the nature of the act, or that he is doing what is either wrong or contrary to law.

ပြစ်မှုဆိုင်ရာဥပဒေ၊ ပုဒ်မ ၈၄ ပါ။မြန်မာလို အလွယ်မတွေ့လို့ အင်္ဂလိပ်လိုဟာထည့်လိုက်တာ၊ အဓိပ္ပါယ်က “စိတ်ပေါ့သွပ်ခြင်းကြောင့် ပြုလုပ်စဉ်က ၎င်းပြုလုပ်မှု၏သဘောသဘာဝကို မသိရှိခြင်းသော်လည်းကောင်း

ပြုလုပ်မှုသည် မှားယွင်းနေကြောင်း သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်နေကြောင်းကို မသိရှိနိုင်သောသူတစ်ဦး၏ ပြုလုပ်မှုသည် ပြစ်မှုမမြောက်” တဲ့။ (အဲ့ဒီသဘောပဲ၊ မြန်မာလို ဥပဒေမှာတော့ အတိအကျပါမှာပေါ့)။

ချုပ်ရရင် ဒီကလေးမသည်လူနာပါ။သူ့မိဘ၊ အုပ်ထိန်းသူ၊ မိတ်ဆွေ၊ အကြီးအကဲများက ဝိုင်းဝန်းစောင့်ရှောက်သင့်ပါတယ်၊ ကျန်းမာအောင် ဆေးကုပေးပါ၊ မကျန်းမာခင် အလုပ်ကနေ အနားပေးပါ။လူတွေကလည်းသူ့ကို ဆက်ပြီး နစ်သည်ထက်နစ်အောင် မနှစ်ကြပါနဲ့တော့။

စာကြွင်း- သူ့ကို မသိပါ၊ မခင်ပါ၊ အပြင်မှာ မမြင်ဘူးပါ၊ FB friend လည်း မဟုတ်ပါ။ဆရာဝန်တစ်ယောက်ရဲ့အမြင်သက်သက်သာ ဖြစ်ပါသည်။ဆဲလိုက ဆဲကြပါကုန်လို့သုံးသပ်ပြောပြထားပါတယ်…။

ဒါပေမယ့်သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ယခုလိုပြောပြသုံးသပ်ထားသလို့မဟုတ်ကြောင်းခုလိုပဲရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်ခင်ဗျာ

No comments:

Post a Comment