Wednesday, May 29, 2019

မောင်တောနယ်စပ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်းကျော်နှင့်အတူ လူနှစ်ဦးဖမ်းမိ

မောင်တောနယ်စပ် တွင် ကျပ်သန်း ၂,၀၀၀ ခန့်တန်ဖိုး ရှိ စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်းကျော်နှင့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ စိတ်ကြွရူးသွပ်ဆေး ပြားများကို မေလ ၂၆ ရက်က မောင်တောမြို့ ကညင်တန်းရပ် ကွက် မီးသတ်လမ်းဆုံတွင် သတင်းအရ ယာဉ်ကို စစ်ဆေးရာ မှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ‘‘ယာဉ်ကိုစစ်ဆေးဖို့ ရပ်ခိုင်း တော့ လူတွေက ထွက်ပြေးသွား တယ်။ ကားကို စစ်ဆေးတဲ့အခါ စိတ်ကြွဆေးပြားတွေနဲ့ မှတ်ပုံ တင်ကို တွေ့တယ်။ နောက်တော့ ထွက်ပြေးသွားသူနှစ်ဦးကို ဖမ်းမိ ခဲ့တာ ဖြစ်ပါတယ်’’ဟု မောင်တောခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။


စိတ်ကြွရူးသွပ်ဆေးများနှင့် ဖမ်းဆီးရမိသူနှစ်ဦးကို မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားသည်။ ထို့အပြင် မေလ ၂၆ ရက်က မောင်တောမြို့နယ် သဲချောင်းဖာ ရီကျေးရွာအနီး တောင်ပြို-ကြိမ် ချောင်းကားလမ်းတွင် ယာဉ်နှစ်စီး ပေါ်မှ စီးကရက် ၄၆ ဖာနှင့် လူ နှစ်ဦးကို ဖမ်းဆီးရမိပြီး ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် အရေးယူ ထားသည်။

No comments:

Post a Comment