Wednesday, May 29, 2019

ဂျပန်ဧကရာဇ်နှင့် တွေ့ဆုံခဲ့အပြီး ထရန့်က ပစိဖိတ်မှ အမေရိကန်စစ်အင်အားကို အမွှမ်းတင်

ပြီးခဲ့သော သီတင်းပတ်သုံးပတ်ခန့်က ဖခင်ဖြစ်သူထံမှ ထီးနန်းဆက်ခံခဲ့သည့် ဂျပန် ဧကရာဇ်နာရူဟီတိုနှင့် ပထမဆုံးတွေ့ဆုံခဲ့သော နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပစိဖိတ်ဒေသတွင် အမေရိကန်၏ ကြောက်လန့်စရာကောင်းသော စစ်အင်အားကို ဂျပန်ရှိ အမေရိကန် ရေတပ်သင်္ဘ࿿ောတစ်စင်းပေါ်မှနေ၍ မေ ၂၈ ရက်တွင် အမွှမ်းတင်ခဲ့သည်။ ဂျပန်နိုင်ငံ ယိုကိုဆူကာ အမေရိကန်ရေတပ်စခန်းမှ ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးသင်္ဘ࿿ောဖြစ်သည့် USS Wasp တွင် ထရန့်က အမေရိကန် တပ်ဖွဲ့ဝင် ၈၀ဝ ကျော်အား မိန့်ခွန်းပြောကြားခဲ့ပြီး ထိုတပ်ဖွဲ့ဝင်များသည် ပစိဖိတ်ဒေသတွင် ကြောက်လန့်စရာအကောင်းဆုံး အမေရိကန်စစ်သည်အင်အားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်သည် ကမ္ဘာတွင် ゞင်း၏ ဦးဆောင်သူအဆင့်အတန်းကို လက်လွှတ်ရန် ရည်ရွယ်ချက်မရှိကြောင်းနှင့် ပြိုင်ဘက်ကင်းအဖြစ် အမြဲတမ်း ဆက်ရှိနေမည်ဖြစ်ကြောင်း ထရန့်က အခိုင်အမာပြောကြားခဲ့သည်။ “ကျုပ်တို့မှာ လက်နက်ကိရိယာတွေ၊ ဒုံးတွေ၊ တင့်ကားတွေ၊ သင်္ဘ࿿ောတွေရှိတယ်။ ကမ္ဘာတစ်ခုလုံးမှာ ဘယ်သူကမှ ကျုပ်တို့တွေ လောက် မတည်ဆောက်နိုင်ကြဘူး။ အနီးစပ်ဆုံးအနေအထားကိုတောင် မရောက်နိုင်ဘူး” ဟု ထရန့်က ပြောကြားခဲ့သည်။

အမေရိကန်တွင် စစ်ပွဲ၌ ကျဆုံးသူများအား ဂုဏ်ပြုသည့် အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်အဖြစ် ထရန့်က သင်္ဘ࿿ောသားများ၊ မရိန်းတပ်ဖွဲ့ဝင်များနှင့် အခြားတာဝန်ရှိသူများအား ဂုဏ်ပြုပြောကြားရာတွင် ထိုဒေသထဲ၌ မိမိတို့သည် မနှိုင်းယှဉ်နိုင်သော သတ္တိဖြင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ထိပ်တိုက်ရင်ဆိုင်နေရကြောင်း သြဇာလွှမ်းမိုးမှုမြင့်တက်လာသည့် ပြိုင်ဘက် တရုတ်နှင့် မြောက်ကိုရီးယားကို ရှင်းရှင်းလင်းလင်းရည်ညွှန်း၍ ပြောကြားခဲ့သည်။ အမေရိကန်ရေတပ်တပ်ဖွဲ့ဝင်များသည် ပစိဖိတ်ဒေသ၏ ရေပြင်များ၊ တရုတ်ရေတပ်အင်အား ချဲ့ထွင်မှုကြောင့် တင်းမာမှု မြင့်တက်နေသည့် တောင်တရုတ်ပင်လယ်ကဲ့သို့ လူသိရှင်ကြားညွှန်းဆိုသည့်ဒေသများတွင် ကင်းလှည့်မှုကို ဂုဏ်ယူစွာပြုလုပ်နေကြောင်း ထရန့်က ပြောကြားခဲ့သည်။

အစောပိုင်းတွင် ထရန့်သည် ဂျပန်ဝန် ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အတူ ဂျပန်ရဟတ် ယာဉ်တင်သင်္ဘ࿿ော JS Kaga သို့ သွားရောက်ခဲ့သည်။ အာဘေးက ဒေသတွင်း၌ လုံခြုံရေး အခြေအနေ ဆိုးရွားလာခြင်းကို ပြောကြားခဲ့ပြီး Kaga သင်္ဘ࿿ောအား ရဟတ်ယာဉ်သာမက တိုက်လေယာဉ်များကိုပါ တင်ဆောင်နိုင်ရန် ပြောင်းလဲထားကြောင်း အတည်ပြုခဲ့သည်။ Kaga သင်္ဘ࿿ောသည် ဂျပန်က အများအပြား ဝယ်ယူနေသော အဆင့်မြင့် F – 35 စတဲ့သ် တိုက်လေယာဉ်များကို တင်ဆောင်မည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

ထရန့်သည် ဂျပန်သို့ ゞင်း၏ လေးရက် ကြာခရီးစဉ်ကို မေ ၂၅ ရက်၌ စတင်ခဲ့ပြီး အာဘေးနှင့် ဂေါက်အတူရိုက်ခဲ့သလို မေ ၂၆ ရက်တွင် တိုကျို၌ ဆူမိုနပန်းပြိုင်ပွဲတွင် ချန်ပီယံဖြစ်သူထံ ဆုဖလားကြီး ချီးမြှင့်ပေးခဲ့သည်။

ဂျပန်ဈေးကွက်သို့ အမေရိကန်က ပိုမိုဝင်ရောက်ခွင့်ရရန်အတွက် ဆွေးနွေးမှုမတိုင်မီ ထရန့်ကို စည်းရုံးနိုင်ရန် ဂျပန်က နှစ်နိုင်ငံကြား မဟာမိတ်ဖြစ်မှုကို ဂုဏ်ပြုရန် အဓိကရည်မှန်းခဲ့သည်။ ဂျပန်၏ ရည်မှန်းချက်သည် အလုပ်ဖြစ်ခဲ့ဖွယ်ရှိပြီး ထရန့်သည် ဇူလိုင်၌ ဂျပန်အထက်လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပပြီးချိန်ထိ ကုန်သွယ်ရေးဆွေးနွေးပွဲကို ဆိုင်းငံ့ထားမည်ဟု အချက်ပြခဲ့သည်။

No comments:

Post a Comment