Wednesday, May 29, 2019

ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အကြံပေး အရာရှိအဖြစ်ဆက်လက် တာဝန်ပေးထား

စစ်မှုထမ်းသက် ပြည့်ပြီဖြစ်သည့် စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အကြံပေးအရာရှိအဖြစ် ဆက် လက် တာဝန်ပေးအပ်ထား ကြောင်း တပ်မတော်မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောသည်။ ထို့အပြင် ဒုတိယဗိုလ်ချုပ် ကြီး သိန်းဌေးကို တပ်မတော်ကာ ကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံအချို့မှ လက်နက်များ ပြင်ပသို့ ရောင်းစားခံရမှုတွင် တာဝန်ရှိ သည်ဆိုကာ အရေးယူခဲ့ကြောင်း သတင်းထွက်ပေါ်နေမှုနှင့် ပတ် သက်၍ တပ်မတော်ပြောခွင့်ရ ပုဂ္ဂိုလ်က ငြင်းဆိုသည်။
‘‘ရာထူးက မဖယ်ရှားပါဘူး။ ဗိုလ်ချုပ်ကြီးက သူက အသက် ပြည့်တာ ကြာပါပြီ။ သို့သော် သူ့ ရဲ့ နည်းပညာနဲ့ ပညာကြောင့်မို့ ကျွန်တော်တို့က ဆက်ပြီးတော့ တပ်မတော်မှာ ဆောင်ရွက်နေ တာဖြစ်တယ်’’ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မေလ ၂၇ ရက် တွင် နေပြည်တော်၌ မီဒီယာများ အား ပြောသည်။

လက်နက်များ ပြင်ပရောင်း စားမှုနှင့် ပတ်သက်၍ ကြီးကြီး မားမားမဟုတ်သော်လည်း တပ် မတော်မှ အရေးယူဆောင်ရွက်ပြီး ဖြစ်ကြောင်း ဗိုလ်မှူးချုပ်က ရှင်း ပြသည်။

ဒုတိယဗိုလ်ချုပ်ကြီး သိန်း ဌေးသည် လွန်ခဲ့သည့် သုံးနှစ်ခန့် ကတည်းက အသက် (၆၀)ပြည့် ပြီဖြစ်သော်လည်း ပညာရှင်အနေ ဖြင့် ဆက်လက်ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း ၎င်းက ပြော သည်။

‘‘ပါရဂူပညာရှင်တွေရဲ့ စစ် မှုထမ်းသက်ဟာ ကျန်တဲ့သူတွေ ထက်ပိုတယ်။ သုံး၊ လေးနှစ်ပေါ့၊ ဒါမှမဟုတ် နိုင်ငံတော်က သူ့ကို အလိုရှိတယ်ဆိုလို့ရှိရင်၊ တပ် မတော်က သူ့ရဲ့ ပညာရပ်နဲ့ပတ် သက်ပြီး အလိုရှိတယ်ဆိုရင် သူ က ဆက်လက်ပြီး တိုးမြှင့်သွားလို့ ရပါတယ်’’ဟု ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက ဆိုသည်။ မြောက်ကိုရီးယားမှ စစ်သုံး ပစ္စည်းများ မဝယ်ယူရန် ကုလ အဖွဲ့ ကန့်သတ်ချက်ကို ဖောက် ဖျက်သည်ဆိုကာ ဒုတိယဗိုလ် ချုပ်ကြီး သိန်းဌေးကို အမေရိကန် ပြည်ထောင်စုက ၂၀၁၃ တွင် ပိတ်ဆို့အရေးယူခဲ့ဖူးသည်။

No comments:

Post a Comment