Wednesday, May 29, 2019

အင်ဒိုနီးရှားရွေးကောက်ပွဲလွန် အဓိကရုဏ်းဖြစ်ပွားနေစဉ် ထိပ်တန်းတာဝန်ရှိသူများအား လုပ်ကြံရန် စီစဉ်မှုကို ဟန့်တားနိုင်ခဲ့

အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင် ရွေးကောက်ပွဲလွန်၌ လူသေဆုံးမှုရှိခဲ့သည့် အဓိကရုဏ်းများနှင့် ဆက်နွှယ်ဖွယ်ရှိသော အောင်မြင်ခဲ့ခြင်းမရှိသည့် လုပ်ကြံရန် အစီအစဉ်များတွင် ထိပ်တန်းတာဝန်ရှိသူလေးဦး ပစ်မှတ်ထားခံခဲ့ရဟု ရဲတပ်ဖွဲ့က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ဂျကာတာတွင် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဖြစ်ပွားခဲ့သော ထိုအဓိကရုဏ်း၌ ဆန္ဒပြသူရှစ် ဦး သေဆုံးခဲ့ရပြီး လူရာပေါင်းများစွာ ဒဏ်ရာရခဲ့ပြီးနောက် တစ်ပတ်မပြည့်သေးမီ လုပ်ကြံရန် လျှို့ဝှက်ပူးပေါင်းစီစဉ်ထားမှု၏ အသေးစိတ်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားအား ဝရုန်းသုန်းကားအခြေအနေသို့ ကျရောက်စေရန် ထိပ်တန်းတာဝန်ရှိသူများနှင့် ရွေးကောက်ပွဲတာဝန်ရှိသူတစ်ဦးကို သတ်ဖြတ်ရန်စီစဉ်ထားသည့် လူခြောက်ဦးအား ဖမ်းဆီးပြီး ゞင်းတို့၏ အစီအစဉ်ကို ဟန့်တားနိုင်ခဲ့ကြောင်း အာဏာပိုင်များက မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ အဓိက ရုဏ်းဖြစ်ပွားခဲ့သည့်နေရာအနီး ထိုလုပ်ကြံ သတ်ဖြတ်ရန် အစီအစဉ်ကို ဦးဆောင်သူအား သေနတ်တစ်လက်နှင့်အတူ ပြီးခဲ့သော သီတင်းပတ်တွင် ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

လုပ်ကြံသတ်ဖြတ်မည့် ပစ်မှတ်များထဲတွင် လုံခြုံရေးဝန်ကြီးအကြီးအကဲ ဝီရန်တို၊ ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲ ဘူဒီဂူနာဝမ်၊ သမ္မတဂျိုကိုဝီဒိုဒို၏ ထောက်လှမ်းရေးနှင့် လုံခြုံရေးအကြံပေး ဂိုရက်စ်မီရီ နှင့် အစိုးရအဖွဲ့ဝန်ကြီး လူဟန့်ပန်ဂျိုင်တန် တို့ ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ နိုင်ငံ၏ ထိပ်တန်းပုဂ္ဂိုလ်များအား လုပ်ကြံရန် ကြံစည်မှုသည် အကြောက်တရားကို ဖန်တီးရန်ဖြစ်ကြောင်း ဝီရန်တိုက မေ ၂၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


ထိုလုပ်ကြံသတ်ဖြတ်ရန်အစီအစဉ်အား မည်သည့်အချိန်တွင် ဆောင်ရွက်မည်ကိုမူ အာဏာပိုင်များက မထုတ်ပြန်ခဲ့ဘဲ သမ္မတ ဝီဒိုဒိုမှာမူ ပစ်မှတ်ထားခံရခြင်းမရှိဟု ပြောကြားခဲ့သည်။

ဝီဒိုဒိုက ပြိုင်ဘက်ဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုဆူဘီယန်တိုအား အလွယ်တကူအနိုင်ရခဲ့သည့် ရွေးကောက်ပွဲရလဒ်များအား ထုတ်ပြန်ခဲ့ပြီးနောက် ပြီးခဲ့သော သီတင်းပတ်တွင် ဆူဘီယန်တိုအား ထောက်ခံသူများ၏ ကန့်ကွက်ဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ဧပြီ ၁၇ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည်  မသမာမှုပြုလုပ်ထားကြောင်းဆိုလျက် ဆူဘီယန်တိုက ရွေးကောက်ပွဲရလဒ်ကို တရားရုံးတွင် စိန်ခေါ်ထားသည်။

အဓိကရုဏ်းများနှင့်ပတ်သက်၍ သတင်းအတုများနှင့် လှိမ့်လုံးများအား ဖြန့် ချိမှုအတွက် လူ ၁၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က မေ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုဖြန့်ချိမှုသည် အင်ဒိုနီးရှား၏ အီလက်ထရောနစ် သတင်းအချက်အလက် ဥပဒေအရ ရာဇဝတ်မှုမြောက်သည်။

ထိုသတင်းတုများတွင် ရဲတပ်ဖွဲ့က ဗလီတစ်ခုအား စီးနင်းခဲ့ကြောင်း ဖော်ပြခဲ့မှုနှင့် အင်ဒိုနီးရှားလုံခြုံရေးတပ်ဖွဲ့ဝင်များသည် အရပ်ဘက် မငြိမ်သက်မှုအား ဟန့်တားရန် တရုတ်တပ်ဖွဲ့ဝင်များ၏ အကူအညီကိုရယူခဲ့ကြောင်း မှားယွင်းဖော်ပြမှုများ ပါဝင်သည်။

အင်တာနက်သုံးစွဲသူ သန်း ၁၃၀ ရှိ သော အင်ဒိုနီးရှားတွင် ရွေးကောက်ပွဲလွန် မငြိမ်မသက်မှုများဖြစ်ပွားနေစဉ် အစိုးရသည် လူမှုမီဒီယာသုံးစွဲမှုများအား မကြုံစဖူး  ယာယီပိတ်ပင်ခဲ့သည်။

No comments:

Post a Comment