Wednesday, May 29, 2019

ကလေးတွေ ကျန်းမာရေးတိုးတက်ဟု Save The Children ပြောကြား

ကမ္ဘာ့ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လုံခြုံရေးဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ နဲ့ယှဉ်ရင် တိုးတက်လာတယ်လို့ Save The Children က မနေ့က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကလေးများဘဝ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ ၁၇၆ နိုင်ငံအနက် ၁၇၃ နိုင်ငံက ကလေးတွေဘဝ အခြေအနေ တိုးတက်လာတာဖြစ်ပြီး စင်ကာပူနိုင်ငံက ကလေးတွေဘဝက အတိုးတက်ဆုံးပဲလို့ ဖော်ပြပါတယ်။



ကလေးသန်း ၆၉၀ ရဲ့ဘဝဟာ ဖျားနာ။ သေဆုံး၊ အိမ်ထောင်ကျ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်၊ အဟာရဓာတ်ချို့တဲ့ ဒါမှမဟုတ် ကျောင်းမနေရဘူးလို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ၂၀၀၀ ပြည့်နှစ်က ဒီလိုအခြေအနေမျိုးနဲ့ ကလေး သန်း ၉၇၀ ရှိခဲ့တာထက် လျော့နည်းသွားတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်း Sierra Leone, Rwanda နဲ့ Ethiopia နိုင်ငံတွေက ကလေးတွေဘဝ သိသိသာသာ တိုးတက်လာတယ်လို့လည်း ဖော်ပြပါတယ်။

ဒါပေမဲ့ ကလေး သန်း ၄၂၀ လောက်ဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာ နေထိုင်နေရပြီး ၁၉၉၅ ခုနှစ်က ရှိခဲ့တဲ့ ဦးရေထက် နှစ်ဆပိုများလာပါတယ်။

No comments:

Post a Comment