Wednesday, May 29, 2019

မြို့ လည်ခေါင် ဆိုင်ကယ်မတ်တတ်ရပ် စီးခဲ့သည့် ၇ှမ်းတိုင်းရင်းသားတစ်ဦး ဒဏ်ငွေ ဘတ် ၁၀၀၀၀ ဒဏ်ရိုက်ခံရ

ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့ လည်ခေါင်မှာ မေလ ၂၈ ရက်နေ့ နံနက်က ဆိုင်ကယ်ကို မတ်တတ်ရပ်စီးပြီး နောက်က လိုက်လာတဲ့ ကားတွေရှေ့ က နေ ပိတ်ဆို့ ကွေ့ မောင်းခဲ့သူ ကို ချင်းမိုင်းရဲတပ်ဖွဲ့ က ညနေပိုင်းမှာ အဆိုပါအမျိုးသားကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ အမျိုးသမီးတစ်ဦးက ကျောင်းချိန်မှာ ခုလို သဲထိတ်ရင်ဖို အန္တရယ်ကြီးတဲ့ လုပ်ရပ်ဟာ သူမကားနဲ့  မတိုက်မိအောင် သတိထားပြီးေ၇ှာင်မောင်းခဲ့ရပါတယ်လို့  သူမကိုယ်ပိုင် ဖေဘုတ်စာမျက်နှာမှာ တင်ထားပါတယ်။



ခုရက်ပိုင်းအတွင်းမှာ ဆိုရှယ်မီဒီယာတွေမှာ ရာဘ စိတ်ကြွဆေးကြောင်ပြီး ဆိုင်ကယ်ကိုလမ်းမ ဗြောင်ပြန်မောင်းကာ ကားကိုဝင်တိုက်သူ၊ ဆိုင်ကယ်ကို နောက်ပြန်ထိုင်မောင်းတဲ့ ကလစ် ဗီဒီယို ရုပ်သံတွေ တက်လာနေပြီး နောက်ကနေ လိုက်လုပ်နေကြတာဖြစ်ပါတယ်။

မေလ ၂၈ ရက်နေ့ (၂၀၁၉)က ဆိုင်ကယ်ပေါ်မတ်တတ်ရပ်မောင်းတဲ့ သူဟာ မြန်မာနိုင်ငံ သား ရှမ်းတိုင်းရင်းသား အောင်မောင်း အသက် (၂၁)နှစ် ဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် လက်မှတ် ရထားသူဖြစ်ပါတယ်။

ခုလို လမ်းမပေါ်မှာ အန္တရယ်အရှိဆုံး ဆိုင်ကယ်ကိုမဆင်မခြင် မောင်းနှင်ခဲ့လို့  သူ့ ကို ယာဉ်စည်းကမ်းဥပဒေချိုးဖေါက်မှုနဲ့  ဘတ်ငွေ ၁၀၀၀၀ (ကျပ်ငွေ ၅သိန်း)ဒဏ်ရိုက် အပြစ်ပေးခဲ့ကြောင်း သိရပါတယ်။

No comments:

Post a Comment