Wednesday, May 29, 2019

မေလ ၃၀ ရက်တွင် ၁၂ မြို့နယ်၌ ရေပေးဝေမှု ခေတ္တပြတ်တောက်မည်ဟု ရန်ကုန်စည်ပင်ကြေညာ

ငမိုးရိပ် ရေသန့်စက်ရုံ (အထယု)မှ ရေတွန်းစက်များ မောင်းနှင်မှု ခေတ္တရပ်နားမည်ဖြစ် ၍ မေလ ၃၀ ရက်တွင် ၁၂ မြို့နယ် ၌ ရေပေးဝေမှု ပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက ကြေညာသည်။ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းက မေလ ၃၀ ရက် နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ 33KV (လှော်ကား- အထယု)ဓာတ်အားလိုင်းကို လျှပ် စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားလိုင်းအပြစ်ဖြစ်မှု လျော့ကျစေရန် ဓာတ်အားပိတ်၍ သစ် ပင်သစ်ကိုင်း ခုတ်ထွင်ရှင်းလင်း မည်ဖြစ်၍ ယင်းဓာတ်အားလိုင်း ကို သွယ်ယူအသုံးပြုနေသည့် ငမိုးရိပ်ရေသန့်စက်ရုံ (အထယု)မှ ရေတွန်းစက်များ ခေတ္တရပ်နားရ ခြင်းဖြစ်သည်ဟု ကြေညာချက် တွင် ဖော်ပြထားသည်။
အဆိုပါ ရေတွန်းစက်များ ခေတ္တရပ်နားထားရချိန်အတွင်း ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မြောက် ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ သာကေ တ၊ ဒေါပုံနှင့် လှိုင်သာယာစက်မှု ဇုန်တို့တွင် ရေပေးဝေမှုခေတ္တပြတ် တောက်မည်ဟု ကြေညာသည်။

ထို့အပြင် စည်ပင်ရေပိုက် လိုင်း အသုံးပြုနေသည့် အခြား မြို့နယ်များ၌လည်း ယင်းနေ့ တွင် ရေအားလျော့နည်းမှုရှိနိုင် ကြောင်း ဆက်လက်ဖော်ပြထား သည်။

‘‘လျှပ်စစ်မီးဖြတ်တောက်တဲ့ အချိန်အတိုင်း ရေပြတ်တောက် ချိန်မှုရှိမှာပါ။ မီးပြန်ပေးတာနဲ့ ရေ တွန်းစက်တွေ အလုပ်ပြန်လုပ်နိုင် ပါလိမ့်မယ်။ နာရီပိုင်းလောက် တော့ ကြေညာထားတဲ့မြို့နယ် တွေမှာ ရေပြတ်တောက်မှာပါ’’ ဟု ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ၊ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံ အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် ရေအသုံးပြုသူ များ ယင်းနေ့တွင် ရေကြိုတင် စုဆောင်းထားရန်နှင့် လိုအပ်ပါ က ရေသယ်ယာဉ်များ တောင်းခံ နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အသိပေးထားသည်။

No comments:

Post a Comment