Wednesday, May 29, 2019

ဆရာတော် ဦးဝီရသူကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးက ပုဒ်မ-၁၂၄(က) ဖြင့် ဖမ်းဝရမ်းထုတ်ပြန်

မန္တလေးမြို့  မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝီရသူကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးက ပုဒ်မ-၁၂၄(က)ဖြင့် မေ ၂၈ ရက်တွင် ဖမ်းဝရမ်း ထုတ်ပြန်လိုက်ကြောင်း Eleven Media Group ၏ စုံစမ်းမှုအရ သိရှိရသည်။ ယနေ့ မွန်းလွဲပိုင်း၌ ဆရာတော်ဦးဝီရသူကို အနောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ  ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အနောက်ပိုင်းခရိုင် တရားရုံးတွင်  ပုဒ်မ ၁၂၄(က) ဖြင့် ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ကြောင်း သိရသည်။
နေပြည်တော် ရဲချုပ်ရုံးမှ ရဲမှူးကြီးတစ်ဦးက “ညနေ ၄ နာရီလောက်မှာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ခရိုင်ဒုတိယထွေအုပ် ဦးစန်းမင်းက မန္တလေး မစိုးရိမ်ကျောင်းတိုက်က ဦးဝီရသူကို ပုဒ်မ ၁၂၄(က) နဲ့ ဦးတိုက်လျှောက် တရားစွဲဆိုတယ်လို့ သိရတယ်။ တရားရုံးကလဲ ဖမ်းဝရမ်း ထုတ်ထားပြီလို့ သိရပါတယ်” ဟု Eleven Media Group ၏ ဆက်သွယ်မေးမြန်းမှုအား ည ၁၀ နာရီ ၄၅ မိနစ်တွင် ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment