Wednesday, May 29, 2019

ကျောင်းဖွင့်တော့မည်ဖြစ်၍ ရခိုင်ပြည်နယ်ရှိ ကလေးငယ်များကို အရေးပေါ်ကာကွယ်ပေးနိုင်ရန် ယူနီဆက်တောင်းဆို

စာသင်ကျောင်းများ မကြာမီ ပြန်လည်ဖွင့်တော့မည် ဖြစ်၍ ရခိုင်ပြည်နယ်၌ရှိသည့် ကလေးငယ်များအတွက် အရေးပေါ်ကာကွယ်စောင့်ရှောက်မှုများပေးနိုင်ရန် ကုလသမဂ္ဂကလေး များ ရန်ပုံငွေအဖွဲ့ - ယူနီဆက် (မြန်မာ)က ယမန်နေ့တွင် ကြေ ညာချက် ထုတ်ပြန်တောင်းဆို သည်။ ရခိုင်ပြည်နယ်တွင် အစိုးရတပ်မတော်နှင့် AA လက်နက်ကိုင် အဖွဲ့တို့အကြား ပဋိပက္ခ ဖြစ်ပွားပြီးနောက် အရပ်သား ထိခိုက် သေဆုံးမှုများ မြင့်တက်နေမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်မှုများရှိနေစဉ် ထိခိုက်သေဆုံးသူများ ၌ ကလေးငယ်များ ပါဝင်သည်ဟူသော သတင်းများ ထွက်ပေါ်နေသည့်အပေါ် ယူနီဆက်( မြန်မာ) အနေဖြင့် အလွန်အမင်းစိုးရိမ် မိကြောင်း မေလ ၂၈ ရက် ထုတ် ပြန်ချက်တွင် ဖော်ပြသည်။
‘‘ပဋိပက္ခဒဏ်ခံရသည့် ဧရိယာများတွင်ရှိသည့် အသိုက်အ၀န်းများနှင့် စာသင်ကျောင်းများ တွင် ကလေးငယ်များအတွက် စိတ်ဓာတ်ပိုင်း နှင့်လူမှုရေးဆိုင်ရာ အကူအညီ အထောက်အပံ့ လမ်းဖွင့်ပေးရန်လည်း ယူနီဆက်က တောင်းဆိုပါသည်’’ ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လူထုအခြေခံ အဆောက်အအုံများ ကို သက်ဆိုင်သူအားလုံးက အကာအကွယ် ပေးရန်လည်း ယူနီဆက်က တောင်းဆိုထားသည်။ လူသားချင်း စာနာမှုအကူအ ညီလိုအပ်နေသည့် ကလေးငယ် များရှိရာ အ၀န်းအ၀ိုင်းတွင် AAလက်နက်ကိုင်အဖွဲ့နှင့် တပ်မ တော်တို့ စစ်ရေးတင်းမာနေခြင်း သည် ထိုကလေးငယ်များအတွက် လိုအပ်သည့် ကူညီမှုများလက် လှမ်းမီရောက်ရှိနိုင်ရန် စိန်ခေါ်မှု ဖြစ်စေကြောင်း ယူနီဆက်က ထုတ်ပြန်ထားသည်။

No comments:

Post a Comment