Wednesday, May 29, 2019

တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် အရှိန်ပြင်းစွာ လမ်းပြောင်းပြန်မောင်းလာသည့် ကားက ဆိုင်ကယ်အား တိုက်မိရာ နှစ်ဦးသေဆုံးပြီး ကားမှာ ထွက်ပြေးလွတ်မြောက်နေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် ဆန်ဆိုင်းဈေးအနီးတွင် ဆိုင်ကယ်တစ်စီးအား လမ်းပြောင်းပြန်ဖြင့် အရှိန်ပြင်းစွာ မောင်းလာသည့် မော်တော်ကားတစ်စီးမှ တိုက်မိကာ ထွက်ပြေးသွားမှုဖြစ်ပွားပြီး ဆိုင်ကယ်ပေါ်ပါသူ (၂)ဦးမှာ နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။ ၂၀၁၉ခုနှစ် မေလ(၂၈)ရက်နေ့ ည(၉)နာရီ (၄၀)၀န်းကျင်အချိန်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် မြို့တွင်းဘက်မှ ဆန်ဆိုင်းဘက်သို့ အရှိန်ပြင်းစွာ လမ်းပြောင်းပြန်မောင်းလာသည့် မော်တော်ယာဉ်တစ်စီးက ဆန်ဆိုင်းဘက်မှ လာသည့် ဆိုင်ကယ်အား တိုက်မိကာ ထွက်ပြေးသွားရာ ဆိုင်ကယ်ပေါ်ပါသည့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့မှာ နေရာတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း CCTV မှတ်တမ်းအရ သိရသည်။



လမ်းပြောင်းပြန် အရှိန်ပြင်းစွာမောင်းပြီး တိုက်ပြေးသွားသည့် မ်ာတော်ယာဉ်မှာ ည(၁၁)နာရီကျော် အချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ တာချီလိတ်နာရေးကူညီမှုအသင်းက ရောက်ရှိသွားပြီး သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

No comments:

Post a Comment