Wednesday, May 29, 2019

ယူရိုပါလိဂ်ဆုဖလားက ချယ်လ်ဆီးကိုနှုတ်ဆက်ရန် သင့်လျော်ဆုံးနည်းလမ်းဖြစ်မည်ဟု ဟာဇက်ပြော

လန်ဒန်မြို့ခံ ပြိုင်ဘက် အာဆင်နယ်နှင့် ယနေ့ ညကစား မည့် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အ နိုင်ရဗိုလ်စွဲခြင်းက ၎င်း၏ ချယ်လ် ဆီးကစားသမားဘဝ ပြည်ဖုံးကား ချရန် သင့်လျော်ဆုံးနည်းလမ်း ဖြစ်မည်ဟု ချယ်လ်ဆီးတိုက်စစ် မှူး အီဒင်ဟာဇက်က ပြောသည်။ ရီးရဲလ်မက်ဒရစ်က ပစ်မှတ် ထားနေသော ဘယ်လ်ဂျီယံလက် ရွေးစင် ဟာဇက်သည် ချယ်လ်ဆီး နှင့် ချုပ်ဆိုထားသည့်စာချုပ် လာ မည့်ရာသီတွင် နောက်ဆုံးနှစ်သို့ ရောက်ရှိမည်ဖြစ်ပြီး ၎င်းက သက် တမ်းတိုးရန် ငြင်းဆန်ထားသည်။

ထို့ကြောင့် ချယ်လ်ဆီးအနေ ဖြင့် ယခုနှစ်တွင် ဟာဇက်ကို မရောင်းချပါက စာချုပ်သက် တမ်းကုန်လျှင် အလွတ်ပြောင်း ရွှေ့ကြေးဖြင့် ခွင့်ပြုရနိုင်သည်။

‘‘ယူရိုပါလိဂ်ဖလားဗိုလ်စွဲ ရင် ကောင်းမှာပါ။ ဒါက သိပ်ကို ကောင်းမွန်တဲ့ နောက်ဆုံးဆု ဖလားဖြစ်မှာပါ။ တကယ်လို့ ဒီပွဲ က ကျွန်တော့်ရဲ့ နောက်ဆုံးပွဲဖြစ် ခဲ့ရင် ယူရိုပါလိဂ်ဖလားရဖို့ ကျွန် တော်မျှော်လင့်ပါတယ်’’ဟု ဟာ ဇက်က ပြောသည်။

၂၀၁၂ က လိုင်လီမှ ပြောင်း ရွှေ့လာပြီးနောက် ဟာဇက်သည် ချယ်လ်ဆီးနှင့်အတူ ပရီးမီးယား လိဂ်ဖလား နှစ်ကြိမ်၊ အက်ဖ်အေ ဖလားတစ်ကြိမ်၊ လိဂ်ဖလားတစ် ကြိမ်နှင့် ယူရိုပါလိဂ်ဖလားတစ် ကြိမ် ဆွတ်ခူးခဲ့သည်။

သို့သော် ၎င်း၏ အနာဂတ် နှင့် ပတ်သက်၍ ထင်မြင်မှန်းဆ ချက်အမျိုးမျိုး ထွက်ပေါ်နေသော် လည်း ယခုနှစ် ရာသီပရီးမီးယား လိဂ်တွင် ၁၆ ဂိုးသွင်းပြီး (၁၅) ကြိမ် ဂိုးဖန်တီးပေးခဲ့သော ဟာ ဇက်က ယူရိုပါလိဂ်ဗိုလ်လုပွဲသာ အပြည့်အဝအာရုံစိုက်ထားသည်။

‘‘အခုအချိန်မှာ ဘာမှဖြစ် မလာသေးပါဘူး။ ဒါကြောင့် ကျွန်တော် ဘာမှမပြောနိုင်သေးဘူး။ ဒါက အသင်းရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်တော် ဘေးချိတ်ထားနိုင်ပါတယ်။ ဗိုလ်လုပွဲပြီးရင်တော့ ဘာတွေဖြစ် လာမလဲဆိုတာ စောင့်ကြည့်တာ ပေါ့’’ဟု ဟာဇက်က ပြောသည်။

ယခုပွဲသည် အာဆင်နယ် အတွက် ဗိုလ်လုပွဲဖြစ်ရုံသာမက ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲဖြစ် ခြင်းကြောင့် ချယ်လ်ဆီးထက် အာဆင်နယ်တွင် ဖိအားပိုများ ကြောင်း မန်ယူနည်းပြဟောင်း မော်ရင်ဟိုက ပြောသည်။

ချယ်လ်ဆီးက ချန်ပီယံလိဂ် ဝင်ခွင့်ရထားပြီး အာဆင်နယ်အ နေဖြင့် ယခုပွဲအနိုင်ရမှသာ ချန်ပီ ယံလိဂ် ဝင်ခွင့်ရမည်ဖြစ်သည်။

ထိုအတောအတွင်း ယခုနှစ် ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆု ကို လီဗာပူးမှ ဆာလက်၊ မာနေး တို့နှင့်အတူ ပူးတွဲရရှိခဲ့သော တိုက်စစ်မှူး အော်ဘာမီယန်သည် လက်စတာဘက်သို့ သွင်းယူခဲ့သောဂိုး ဖြင့် ယခုနှစ် အာဆင်နယ် အ ကောင်းဆုံးသွင်းဂိုးဆု ရရှိခဲ့ သည်။

No comments:

Post a Comment