Wednesday, May 29, 2019

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဆရာဝန်အမျိုးသမီးကို အသရေဖျက်မှုအပါအဝင် ပုဒ်မငါးခုဖြင့် ပြန်လည်အမှုဖွင့်

ရွှေပြည်သာမြို့နယ် မီး သတ်ဦးစီးမှူးအပါအဝင် မီးသတ် ဝန်ထမ်း ၁၀ ဦးကို ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားသည့် ဆရာဝန်အမျိုး သမီးကို မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့က အသရေဖျက်မှုအပါအဝင် ပုဒ်မငါးခုဖြင့် ပြန်လည်အမှုဖွင့် ထားကြောင်း ရွှေပြည်သာမြို့မရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။ အဆိုပါအမျိုးသမီးကို မြန် မာနိုင်ငံမီးသတ်တပ်ဖွဲ့က ပုဒ်မ ၃၅၃(တာဝန်ဝတ္တရားဆောင်ရွက် နေသော ပြည်သူ့ဝန်ထမ်းအား ဟန့်တားရန် နိုင်ထက်စီးနင်းပြု ကျင့်မှု)၊ ပုဒ်မ ၂၉၄(မမှန်မကန် သော၊ ညစ်ညမ်းသော သီချင်း၊ စာ သား၊ အပြောအဆိုများ အသုံးပြု မှု)၊ ပုဒ်မ ၁၈၂(ပြည်သူ့ဝန်ထမ်း နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် ပြည်သူ့ဝန်ထမ်းအား ဥပဒေအရ အာဏာကို အသုံးပြုစေရန် ရည် ရွယ်၍ မမှန်မကန် သတင်းပေး ခြင်း)၊ ပုဒ်မ ၂၁၁(နစ်နာစေရန် ရည်ရွယ်၍ ပြစ်မှုကျူးလွန်သည် ဟု မမှန်မကန် စွပ်စွဲခြင်း)၊ ပုဒ်မ ၅၀၀ (အသရေဖျက်မှု) တို့ဖြင့် မေလ ၂၈ ရက်တွင် အမှုဖွင့်ထား သည်။ 

‘‘ဒီပုဒ်မ ၅၀၀ က အာမခံ ပေးရပါတယ်။ ရာဇသတ်ကြီးမှာ ပါတဲ့အတိုင်း အာမခံပေးလို့ ရပါ တယ်’’ဟု တရားလွှတ်တော်ရှေ့ နေ ဦးရောဘတ်စန်းအောင် သုံး သပ်ပြောသည်။

မေလ ၂၅ ရက်က ရွှေပြည်သာစက်မှုဇုန်(၁) မီးသတ်ရုံးရှေ့ တွင် ရပ်ထားသော ယာဉ်ကို ဖယ် ခိုင်းရာမှ ယာဉ်ပိုင်ရှင် ဒေါက်တာ မြဝတ်ရည်ဆိုသူနှင့် မီးသတ်ဝန် ထမ်းများ အချင်းများပြီး အမှုဖွင့် ခံရခြင်းဖြစ်ကြောင်း ရွှေပြည်သာ မြို့နယ် မီးသတ်ဦးစီးမှူး ဦးသွင် ယုနိုင်က ပြောသည်။

‘‘ဒါက တစ်ကြိမ်တည်းဖြစ် တာ မဟုတ်ပါဘူး။ သုံးကြိမ် လောက်ရှိပြီ။ အခုအကြိမ်ကျမှ အမှုဖွင့်ခံရတာပါ။ ပထမအကြိမ် တုန်းက ကျွန်တော်တို့မီးသတ် ယာဉ်ထွက်ခွာရာ မလွတ်ကင်းတဲ့ နေရာမှာ လာရပ်လို့ မီးသတ်တပ် ဖွဲ့ဝင်တစ်ဦးက မှန်တံခါးခေါက် ပြီး နေရာဖယ်ပေးဖို့ပြောတော့ ကားမှန်ကွဲရင် နင်လျော်နိုင်လား လို့ မချေမငံပြောပါတယ်။ အခုအ ကြိမ်မှာလည်း အဲဒီနေ့က မိုးရွာလေပြင်းတိုက်တော့ မီးသတ်ခြံစည်းရိုးပျက်စီးလို့ ပြင်မလို့ သူ့ ကားကို ဖယ်ခိုင်းခဲ့တာပါ’’ ဟု ဦးသွင်ယုနိုင်က ဆိုသည်။

မေလ ၆ ရက်၊ ၁၉ ရက်နှင့် ၂၅ ရက်တွင် ဒေါက်တာမြဝတ် ရည်၏ယာဉ်မှာ ၎င်းတို့မီးသတ်ရုံး ရှေ့ မီးသတ်ယာဉ်အဝင်၊ အထွက်မလွတ်သည့် နေရာတွင် လာရောက်ရပ်တန့်ထား၍ ယာဉ်အား မီးသတ်ဝန်ထမ်းများက ဖယ်ခိုင်းခဲ့ ရကြောင်းနှင့် ယခုအကြိမ်တွင် ဆရာဝန်က ရွှေပြည်သာမြို့မရဲစ ခန်း၌ အမှုဖွင့်ထားခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့တပ်သားတွေ စကားပြောတာ လေသံမာသွား တာတော့ရှိတယ်။ ဒါပေမဲ့ ဆဲဆို တာတော့ မရှိပါဘူး။ အဲဒီနေရာ ကလည်း ကားပါကင်နေရာမ ဟုတ်ပါဘူး။ ဒီအမှုဖွင့်ထားတဲ့ ကိစ္စကို အထက်လူကြီးကို တင်ပြ ထားပါတယ်’’ဟု ဦးသွင်ယုနိုင်က ပြောသည်။

အဆိုပါဆရာဝန် အမျိုးသမီးက ရွှေပြည်သာမြို့နယ် မီးသတ် ဦးစီးမှူးအပါအဝင် မီးသတ်ဝန် ထမ်း ၁၀ ဦးကို ရာဇသတ်ကြီးပုဒ် မ ၃၅၄(ကိုယ်ထိလက်ရောက် ကျူးလွန်မှု)၊ ပုဒ်မ ၅၀၆ (ခြိမ်း ခြောက်မှု)၊ ပုဒ်မ ၅၀၉(ကာယိနြေ္ဒ စော်ကားရန် ကြံရွယ်ပြောဆိုမှု)၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ခြင်းကို အားပေးကူညီမှု)ဖြင့် မေလ ၂၅ ရက်က ရွှေပြည်သာမြို့မရဲစခန်း တွင် အမှုဖွင့်ထားခြင်းဖြစ်သည်။ ထိုသို့ မီးသတ်ဌာနရှေ့ မီး သတ်ယာဉ်အဝင်၊ အထွက်နေရာ တွင် ပိတ်ရပ်ထားခြင်းကို မော် တော်ယာဉ်နည်းဥပဒေဖြင့် အရေးယူရကြောင်း အမှတ်(၂)ယာဉ် ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးထွန်းထွန်းအောင်က သုံးသပ်ပြောကြား သည်။

No comments:

Post a Comment