Wednesday, May 29, 2019

"ဦးဝီရသူဖမ်းဝရမ်း ရဲတပ်ဖွဲ့ထံရောက်မလာသေး"

ဆရာ​တော်​ဦးဝီရသူကို ဖမ်းဝရမ်းထုတ်​လိုက်​သည်​ဟု သတင်းများထွက်​​နေ​သော်​လည်း ည​နေ ၆နာရီအချိန်​ထိ ရဲတပ်​ဖွဲ့ထံသို့ ဖမ်းဝရမ်း​ရောက်​မလာ​သေး​ကြောင်း မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့ ​ပြော​ရေးဆိုခွင့်​ရှိသူ ရဲမှုးကြီး မျိုးသူစိုးက ​7Day Daily သတင်းစာသို့ ည ၁၀နာရီအချိန်​တွင်​ ​ပြောသည်​။  ည​နေ ၆နာရီပတ်​ချာလည်​​လောက်​ထိ​တော့ ​ရောက်​မလာ​သေးဘူး။ တရားရုံးက​တော့ ဖမ်းဝရမ်းထုတ်​လိုက်​ပြီလို့​တော့ ကြားတယ်​။ ကျွန်​​တော်​တို့ ရဲတပ်​ဖွဲ့ဆီ​တော့ ဖမ်းဝရမ်း​ရောက်​မလာ​သေးဘူး"ဟု ရဲမှုးကြီး မျိုးသူစိုးက ​ပြောသည်​။



ဦးဝီရသူကို အ​ရေးယူ​ဆောင်​ရွက်​​ရေးနှင့်​ ပတ်​သက်​ပြီး ယ​နေ့ ​(​မေလ ၂၈ရက်​) ​နေ့လည်​ပိုင်းတွင်​ ရန်​ကုန်​တိုင်း အစိုးရရုံး၌ အစည်း​ဝေးပြုလုပ်​ခဲ့​ကြောင်း 7Day က စုံစမ်းသိရှိရသည်​။

ဦးဝီရသူကို အ​ရေးယူရန်​ ရန်​ကုန်​မြို့ အ​နောက်​ပိုင်းခရိုင်​ ဒုအ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှုး ဦးစန်းမင်းက အ​နောက်​ပိုင်းခရိုင်​ တရားရုံး ဦးတိုက်​​လျောက်​ထား၍ တရားသူကြီးက ပုဒ်​မ ၁၂၄ (က)ဖြင့်​ ဖမ်းဝရမ်းထုတ်​​ပေးလိုက်​ကြောင်း သတင်းများထွက်​​ပေါ်​နေသည်​။ အကြည်​ညိုပျက်​​အောင်​ပြုလုပ်​ခြင်း ပုဒ်​မ ၁၂၄ (က) သည်​ ​ထောက်​ဒဏ်​တစ်​သက်​တစ်​ကျွန်းထိ ချမှတ်​နိုင်​သည်​။

No comments:

Post a Comment