Wednesday, May 29, 2019

အောင်မြင်တဲ့ career တစ်ခုတည်ဆောက်နိုင်ဖို့

ကျွန်တော်တို့အားလုံးက အောင်မြင်တဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ချက်ရှိကြပါတယ်။ အောင်မြင်တဲ့ဘဝတစ်ခုတည်ဆောက်နိုင်ဖို့ဆိုတာ အောင်မြင်တဲ့ career တစ်ခုကို အရင်ဆုံးတည်ဆောက်နိုင်ဖို့က အရေးကြီးဆုံးပါ။ ဒါကြောင့် အောင်မြင်တဲ့ career တစ်ခုတည်ဆောက်နိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။ လေ့လာကြည့်လိုက်ရအောင်။
ကိုယ့်အရည်အချင်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုးတက်အောင်ကြိုးစားပါ။

အောင်မြင်တဲ့ Career ဆိုတာ ရုတ်တရက်ဖြစ်လာတာမဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုတွေနဲ့အတူ အရည်အသွေးပြည့်ဝတဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေရှိမှ အောင်မြင်တဲ့ career ကို အကောင်အထည်ဖေါ်နိုင်မှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်းတွေနဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို တိုးတက်မှုရှိအောင် အမြဲကြိုးစားအားထုတ်ဖို့ လိုပါတယ်။



အကဲဖြတ်စစ်ဆေးပေးနိုင်မယ့်သူ ရှာပါ။

Career development အတွက်ဆိုရင် ကိုယ့်ရဲ့အရည်အချင်းတွေ၊ လုပ်ငန်းစွမ်းဆောင်ရည်တွေကို အကောင်းဆုံး အကဲဖြတ်စစ်ဆေးပေးပြီး လမ်းပြပေးနိုင်မယ့်သူ လိုပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Career development အတွက် လမ်းပြပေးနိုင်မယ့်သူကို ရှာပါ။

Network ကောင်းကောင်းရှိဖို့လိုပါတယ်။

Career တစ်ခုအောင်မြင်ဖို့ဆိုတာ ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ အလုပ်မှာ Network ကောင်းရှိဖို့ လိုပါတယ်။ ကိုယ့်မှာ Network ကောင်းတစ်ခုရှိမယ်ဆိုရင် အလုပ်အခွင့်အရေးတွေလည်း ပိုကောင်းလာနိုင်ပါလိမ့်မယ်။

ဘာဖြစ်ချင်တာလဲဆိုတာကို မေးခွန်းထုတ်ကြည့်ပါ။

အလုပ်ရှင်တွေဆိုတာ စိတ်ဖတ်တတ်တဲ့သူတွေမဟုတ်တဲ့အတွက် ကိုယ့်ဘက်က ရာထူးတိုးချင်တာ၊ ရာထူးတိုးချင်တယ်ဆိုရင် တောင်းဆိုပါ။ ဒါပေမဲ့ ကိုယ်တကယ်ဖြစ်ချင်တာ ဘာလဲဆိုတာကိုလည်း ကိုယ့်ကိုယ်ကို ပြန်ပြီးမေးခွန်းထုတ်ကြည့်ဖို့ လိုပါတယ်။

အခွင့်အလမ်းတွေကို လက်ခံပါ။

ကိုယ့်ဆီကို အခွင့်အလမ်းတွေကမ်းလှမ်းလာရင် မငြင်းဆိုပါနဲ့။ အခွင့်အလမ်းတွေဖန်တီးပေးတယ်ဆိုတာ ကိုယ်လုပ်နိုင်တယ်လို့ ယုံကြည်ပေးတာဖြစ်လို့ ကိုယ့်ဆီပေးလာတဲ့ အခွင့်အရေးတွေကို လက်ခံပြီး ကြိုးစားအကောင်အထည်ဖေါ်ပါ။

မျှဝေပြီး ဆက်လက်လုပ်ဆောင်ပါ။

ကိုယ့်ဆီမှာ career တိုးတက်နိုင်မယ့် နည်းလမ်းကောင်းတွေရှိနေပြီဆိုရင် တစ်ခြားသူတွေအတွက်လည်း မျှဝေပေးပါ။ ပြီးရင် ကိုယ်တိုင်တိုးတက်ဖို့အတွက်လည်း ဆက်လက်လုပ်ဆောင်ဖို့ လိုပါတယ်။

No comments:

Post a Comment