Wednesday, May 29, 2019

ရိခေါ်ဒါရ်၌ ကားကြမ်းတုံး ပြုတ်လိမ့်၍ လူနေအိမ်တစ်လုံး ဝင်တိုက်မှုဖြစ်ပွား

Image may contain: one or more people and outdoorချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်အတွင်း ကုန်တင်ယာဉ်တစ်စီးသည် မေ ၂၈ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် ကုန်ပစ္စည်းများချထားစဉ် ယာဉ်မှကားကြမ်းတုံး ပြုတ်လိမ့်၍ လူနေအိမ်တစ်လုံးအား ဝင်တိုက်မိ၍ပျက်စီးခဲ့ကြောင်း သိရသည်။ြ ဖစ်စဉ်မှာ ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်အတွင်း ကုန်ပစ္စည်းများတင်ဆောင်ပြီး ယာဉ်မောင်း ဦးဇင်မင်းဦး မောင်းနှင်သည့် ယာဉ်အမှတ် ---- ၁၂ ဘီးယာဉ် ကုန်တင်ယာဉ် တစ်စီးသည်
၎င်းတင်ဆောင်လာသည့် ခြင်ဆေးခွေဖာများအား အမှတ်(၂)ရပ်ကွက် မြို့ပတ်လမ်းရှိ ဒေါ်ပြေအေးဂိုဒေါင်သို့ ခေတ္တသိုလှောင်ချထားရန် ရပ်ထားစဉ် ကားကြမ်းတုံးပြုတ်ပြီး လိမ့်ဆင်းကာ ဦးရမ်းဖန်ဇားဝါ နေအိမ်နံကပ်နှစ်ထပ်ကို ဝင်တိုက်ပျက်စီးစေခဲ့ကြောင်း၊ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်ပေါ့ဆစွာရပ်ထားသည့် ယာဉ်မောင်း ဦးဇင်မင်းဦးအား ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment