Wednesday, May 29, 2019

ဧရာဝတီယူနိုက်တက်အသင်းကို ခက်ခက်ခဲခဲကစားပြီးမှ အနိုင်ရခဲ့တဲ့ တောင်ကိုရီးယားကလပ်

ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဧရာဝတီယူနိုက်တက်နဲ့ပိုဟန်စတီးလားအသင်းတို့ ပွဲစဉ်မှာ အပြန်အလှ န်သွင်းဂိုးတွေနဲ့အတူ ပိုဟန်စတီးလားအသင်းက ၂-၃ ဂိုးနဲ့အနိုင်ရရှိ ခဲ့ပါတယ်။ြေ ခစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဧရာဝတီယူနိုက်တက်နဲ့ပိုဟန်စတီးလားအသင်းတို့ ပွဲစဉ်မှာ အပြန်အလှ န်သွင်းဂိုးတွေနဲ့အတူ ပိုဟန်စတီးလားအသင်းက ၂-၃ ဂိုးနဲ့အနိုင်ရရှိ ခဲ့ပါတယ်။



ဧရာဝတီယူနိုက်တက်အသင်းဟာ လက်ရွေးစင်ကစားသမားအစုအဖွဲ့ဖြစ်တဲ့ ကျော်ဇင်ဖြိုး၊ လွင်မိုးအောင်၊ အော င်ကောင်းမာန်၊ ဇော်လင်း၊ နန်းထိုက်ဇော်တို့ကိုအသုံးပြုခဲ့ပြီး ပိုဟန်စတီးလားအသင်းကတော့ လူငယ်ကစားသ မားအများနဲ့ပွဲထွက်ကစားလာခဲ့ပါတယ်။

ပွဲစစချင်းမှာတင် ပိုဟန်စတီးလားအသင်းရဲ့ တရစပ်တိုက်စစ်ဆင်ကစားမှုများက အထနှေးနေတဲ့ ဧရာဝတီယူနို က်တက်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲစပြီး ၆မိနစ်တွင် ဦးဆောင်ဂိုး ၂ဂိုးစတင်ရရှိခဲ့ပါတယ်။ ဧရာဝတီ ယူနိုက်တက်နောက်တန်းကို အလုပ်ရှုပ်အောင်ကစားနိုင်ခဲ့တဲ့ လူငယ်တိုက်စစ်မှူး မန်ကျွမ်မင်က ပွဲအစ ၄မိနစ်နဲ့ ၆မိနစ်တွေမှာ ဂိုးရယူပေးခဲ့တာပါ။

အဲဒီနောက် ပိုဟန်စတီးလားအသင်းကစားအားအနည်းငယ်ချခဲ့တဲ့အတွက် ဧရာဝတီတို့အခွင့်အရေးအချို့ရရှိခဲ့ ပြီး ပွဲချိန်၂၈မိနစ်နောက်ပိုင်းတွင် ချေပဂိုးရရှိမည့်အခြေအနေများကို ပြန်ရလာခဲ့ပါတယ်။ ဧရာဝတီအသင်းအနေ နဲ့ ကစားကွက်ပိုင်းပြန်လည်တည်ငြိမ်လာခဲ့ပြီး ပထမပိုင်းပွဲပြီးခါနီးတွင် တိုက်စစ်မှူးအောင်ကောင်းမာန်က ပထမ ချေပဂိုးကို ရယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ တိုက်စစ်အပြောင်းအလဲပြုလုပ်ခဲ့တဲ့ ဧရာဝတီယူနိုက်တက်အသင်းအနေနဲ့ ပိုဟမ်စတီးလားဘက် ကို ထိုးဖောက်တိုက်စစ်ဆင်မှုများပိုမိုပြုလုပ်နိုင်ခဲ့ပါတယ်။ ဧရာဝတီယူနိုက်တက်တိုက်စစ်မှူးကိတ်ခ်ျအနေနဲ့ ပို ဟမ်စတီးယားနောက်တန်းနဲ့ ဂိုးသမားတို့ကို အကြိမ်ကြိမ်ဖိအားပေးမှုများပြုလုပ်လာနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၃မိနစ်မှာ လွင်မိုးအောင်က ဧရာဝတီယူနိုက်တက်အတွက် ဒုတိယမြောက်ချေပဂိုးကို ခေါင်းတိုက်သွင်း ယူခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာ ပိုဟန်စတီးလားအသင်းရဲ့ လူစားဝင်နောက်တန်းကစားသမားမင်ဂျွန်ဟန်က အနိုင် သေချာစေမယ့် တတိယမြောက်ဂိုးကို ရယူပေးခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်ယူ-၂၂အသင်းနဲ့ ခြေစမ်းကစားဖို့ကျန်ရှိနေသေးတဲ့ ပိုဟန်စတီးလားအသင်းအနေနဲ့ လက်ကျ န်ပွဲချိန်များတွင် ဘောလုံးပိုင်ဆိုင်မှုအသာရရေးအတွက်သာ ဦးစားပေးကစားခဲ့တဲ့အတွက် ပွဲချိန်မိနစ် ၉၀အပြီး ၃-၂ဂိုးရလဒ်နဲ့အတူ ပိုဟန်စတီးလားအသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။

No comments:

Post a Comment